Part-37

345 34 10
                                    

ဆေးရုံအခန်းအတွင်းတွင် လေထုမှာ ပုံမှန်ထက်ပို၍ တိတ်ဆိတ်နေသည်။

"ဘာစားချင်လဲ"

"ဟင့်အင်း"

"ဇွဲရောင်ထင်လာနေပြီ ကားပိတ်နေလို့တဲ့"

"အင်း"

မင်းဟန် သက်ပြင်းချ၍ ဇေသူရထံသို့လှမ်းကြည့်လိုက်သည်။မျက်ခုံးပင့်ပြလိုက်တော့ ဇေသူရက စိတ်အေးအေးထားရန် မျက်စပစ်ပြသည်။သတိရကတည်းက စကားတစ်လုံးမှမပြောသော ရိုးရာမောင်ကြောင့် မေးရမှာလည်းအခက်တွေ့သည်။မမေးလို့လည်းမဖြစ်ချေ။

မူးယစ်ဆေးဆိုသော အရာကျွမ်းဝင်ရလောက်အောင် သူတို့၏နယ်ပယ်နှင့် ရိုးရာမောင်၏ပုဂ္ဂိုလ်ရေးအရကြည့်လျှင်တောင် ယုံချင်စရာလုံးဝမရှိချေ။ကိုယ်ပိုင်ဆုံးဖြတ်ချက်မဟုတ်လျှင် မင်းဟန် တွေးမိသည်ကတော့ ဒေါ်စောပန်ထွာတို့အသိုင်းအဝိုင်းလက်ချက်ပင်ဖြစ်လောက်မည်။
သူတို့ကြောင့်ပင် ရိုးရာမောင် ခံစားခဲ့ရသည်များအား လက်ချိုးရေ၍ပင်မရပါ။အတင်းအဓမ္မမူးယစ်ဆေးသောက်သုံးခိုင်းတာမျိုး ထိုးသွင်းတာမျိုးသည် မဖြစ်နိုင်မလုပ်နိုင်ဘူးဆိုတာ မရှိပေ။အထင်နှင့်သာ ဆုံးဖြတ်လို့မရပေမယ့်......

*ဒေါက် ဒေါက်*

တံခါးခေါက်သံအနှင့်အတူ ဇွဲရောင်ထင် အထုပ်တစ်ချို့ကိုင်ဆွဲ၍ ဝင်ရောက်လာသည်။ကုတင်ပေါ်မှနေ၍ စောင်းငဲ့ကြည့်သော ရိုးရာထံသို့အကြည့်ပင်မပို့ဘဲ ဆိုဖာပေါ်သို့အထုပ်တွေလာတင်သော ဇွဲရောင်ထင်ကြောင့် ဆေးရုံခန်းအတွင်း ခြောက်ခြားဖွယ်ကောင်းသွားသည်။

"အဟမ်း"

မင်းဟန် အချက်ပြ၍ သိသိသာသာချောင်းဟန့်လိုက်သော်လည်း ဇွဲရောင်ထင်ကမူ ဝယ်လာသော စားစရာများကိုသာ ပန်းကန်ထဲသို့ တိတ်ဆိတ်စွာထည့်နေသည်။ရိုးရာမောင်ဘက်သို့ အကြင်နာတရားမဲ့စွာ တစ်ချက်ပင်မကြည့်သော ဇွဲရောင်ထင်ကြောင့် မင်းဟန်မျက်နှာပူလာကာ ချောင်းထပ်ဟန့်ရန်ပြင်လိုက်သည်။

"အဟမ်း အဟမ်း"

"စိတ်ပျက်သွားပြီမလား"

"အဟွတ်"

The Moonlit Trunk(လရောင်ပင်စည်)Место, где живут истории. Откройте их для себя