Episode - 1(Unicode)

25K 740 37
                                    

မနက်ခင်းရှစ်နာရီခွဲအချိန်ရှိနေပြီး စာသင်ခန်းထဲတွင်အသံဗလံတို့မှာတစ်ယောက်တစ်ပေါက်ပြောသံများဖြင့်ဆူညံပွက်လောရိုက်နေသည်။ကျောင်းစဖွင့်သည့်ရက်ဖြစ်၍အတန်းမ၀င်နိုင်သေးသည့်ဘာသာရပ်များရှိနေသဖြင့် လွတ်သည့်အချိန်တွင်အတန်းထဲ၌ ပိတ်သည့်နှစ်လအတွင်းမြှုပ်နှံထားရသည့်အလာပသလာပများကိုတရင်းတနှီးပြောဆိုနေကြသည်။တက္ကသိုလ်ကျောင်းတို့၏အထာဟုပင်ပြောရမည်လား။ကျောင်းစတက်သည့်ရက်တွင်အခန်းတွင်ကျောင်းသားသိပ်မရှိပဲ အများစုကို ကျောင်း၀င်းအတွင်း အခန်းပြင်ပတွင်သာတွေ့ရတတ်သည်။ဂလေရိုက်နေသည့်ကျောင်းသူကျောင်းသားများထဲတွင် ယခုနှစ်တွင်ဒုတိယနှစ်တက်မည့် တေးလိပ်ပြာတို့သူငယ်ချင်းအုပ်စုလည်းပါသည်။

တေးလိပ်ပြာမှာ မြန်မာစာအဓိကဖြင့်‌တက္ကသိုလ်တက်နေပြီး မြန်မာစာ၏အလှမယ်အဖြစ်လည်းရွေးချယ်ခံထားရသူဖြစ်သဖြင့် ကောင်လေးချောချောတို့မှာ ဝိုင်းဝိုင်းလည်ပိုးပန်းနေကြရသူ။
တေးလိပ်ပြာမှာပထမနှစ်အတွင်းရည်းစားများပြီး မာနထောင်လွှားတတ်သောအကျင့်ကြောင့်မေဂျာမှလူများက နာမည်ဆိုးဖြင့်လူသိများကျော်ကြားနေသူအဖြစ်တစ်ဖုံ။သူမ၏အပေါင်းအဖော်များမှာ နေနေ၊လှမြတ်နိုး၊သိမ်မွေ့တို့ဖြစ်ပြီးမေဂျာတူဖြစ်ကြသည်။ အတန်းပြီးသည်နှင့်ကားတစ်စီးဖြင့်တင်ခေါ်ကာလေးယောက်သား ဆိုင်တစ်ဆိုင်တွင်ထိုင်တတ်သည်။

သူငယ်ချင်းအုပ်စုဆုံကြလျှင်ပေးသမျှရည်းစားစာများကိုထိုင်ဖတ်ရင်း သူတစ်ပြန်ငါတစ်ပြန်ဟားကြရင်းပင် အချစ်ကိုပေါ့သေးသေးအရာဟုသာထင်မှတ်တတ်သည့်မိန်းကလေးမှာ တေးလိပ်ပြာ။တေးလိပ်ပြာ၏အလှဂုဏ်သတင်းမှာလည်းကျောင်းအတွင်းမွှေးနေ၍ အပြင်မှာခင်ခွင့်မရ၍ Facebookထိလာaddကြရင်း friendပြည့်သဖြင့်Follower‌ သောင်းချီနှင့်ပင်လျှံထွက်နေခဲ့သည်။သူမသည်အရပ်ရှည်ရှည် ခန္ဓာကိုယ်မှာတောင့်တင်းပြီး ရုပ်ရည်မှာမိန်းမဆန်သည့်ပုံစံမျိုးမရှိ။ထမီနှင့်ရင်ဖုံးလက်ရှည်ကိုအမြဲ၀တ်ထားပြီး ကတ္တီပါဖိနပ်အပါးကိုသာအရောင်အထည်အလဲပြောင်းစီးတတ်သည်။

The sign of heart(Completed)Where stories live. Discover now