Episode - 12(Unicode)

5.7K 458 41
                                    


         ကြိုးတစ်ချောင်းကိုအစွန်းတစ်ဖက်စီကိုအားဖြင့်ဆွဲထားကြလျှင်ထိုကြိုးမှာပြတ်တောက်သွားနိုင်သည်သာ။ပြင်းထန်သောအားများ၏နောက်ကွယ်တွင်ကြားခံကြိုးလေးမှာတောင့်မခံနိုင်၍ပြတ်တောက်သွားရသည်။ထိုကဲ့သို့ပင်တေးနှင့်သူမကြားအနည်းငယ်ရစ်တွယ်မိခဲ့သောကြိုးလေးတစ်ချောင်းဖြစ်သောမေတ္တာကြိုးလေးက နှစ်ဦးသား၏ မာနလွန်ဆွဲပွဲတွင်ပြတ်တောက်သွားတော့မလားဟူ၍ စိုးရိမ်ဖွယ်ရာဖြစ်နေသည်။

       ဒေါ်ရည်မွန်မှာစာမေးပွဲဖြေခါနီးနှစ်ရက်အလိုတွင် ‌သိမ်မွေ့တို့အုပ်စုကိုကန်တင်းတွင်ခေါ်တွေ့ကာ နှစ်ဖက်အခြေအနေကိုဆွေးနွေးကြသည်။တေးမှာလည်းမာနကိုမချ သူမမှာလည်းစိတ်မလျော့၍ကြားထဲမှသူများမှာအကြံအိုက်ရကြောင်းပြောနေကြရာ -

"တီချယ်ရည်မွန်ပြောတာနားထောင်ရသလောက်တော့ တီချယ်ကြာညိုကမလျော့လောက်ဘူး"
(နေနေ)

"တေးကလည်းဂျစ်ကတ်ကတ်နဲ့ ခက်တော့ခက်နေပါပြီတီချယ်ရည်မွန်ရယ်"
(နေနေ)

"တီချယ်လည်းကူညီနိုင်တာကူညီပေမယ့် ကြာညိုကိုကဘူးဆိုဖရုံမသီးတဲ့လူ"
(ဒေါ်ရည်မွန်)

"လက်ပေါက်ကပ်ပါ့ သမီးတို့ဆရာမက"
(ဒေါ်ရည်မွန်)

"တေးလည်းမထူးပါဘူးတီချယ်ရယ် သမီးတို့တောင်ဘုဆတ်ဆတ်ပြန်ပြောတယ်"
(မြတ်နိုး)

"သမီးတို့လည်းသူစိတ်ရှုပ်နေချိန်ပဲဆိုနားလည်ပေးပါတယ်"
(မြတ်နိုး)

"ဒါနဲ့သိမ်မွေ့တို့ဘာဆက်လုပ်ရမလဲတီချယ်ရည်မွန်"
(သိမ်မွေ့)

"ခုအနေအထားအရဘာမှဆက်လုပ်လို့မရသေးဘူး အခြေအနေငြိမ်သွားတဲ့ထိမသိချင်ယောင်ဆောင်ပေးရမှာ"
(ဒေါ်ရည်မွန်)

"ကြားထဲမှာသမီးတို့လည်းတေးကိုတောင်းပန်ဖို့ပြော တီချယ်ကလည်းကြာညိုကိုခွင့်လွှတ်ဖို့ပြောမယ်"
(ဒေါ်ရည်မွန်)

"ဒါနဲ့သမီးတို့သူငယ်ချင်းစာရောလုပ်ရဲ့လား မလုပ်ရင်သမီးတို့ကသူနဲ့အနီးကပ်နေပြီး စာကူလုပ်ပါသမီးတို့ရယ် ချွတ်ချော်သွားမှာစိုးလို့"
(ဒေါ်ရည်မွန်)

The sign of heart(Completed)Where stories live. Discover now