Extra Episode (Unicode)

11.2K 544 47
                                    


နေရာအနှံ့ကျရာတာ၀န်ထမ်းဆောင်ရသောဌာနမှုးနှင့်tutorပေါက်စတို့သည် ကျောင်းလုပ်ငန်းခွင်အတွင်း၌ အလွန်ပင်တည်တံ့ကြလေသည်။အထက်လူကြီးနှင့်လက်အောက်၀န်ထမ်းဟူ၍ပင် ‌ဌာနတစ်ခုလုံးကထင်မှတ်နေသည်။အလုပ်တာ၀န်များပြီးသည့်အခါ နှစ်ယောက်လုံး အရင်နေနေကျကျောင်းတွင်းဆောင်တွင်မနေပဲ တိုက်တစ်လုံးသက်သက်ဌားပြီးနေကြလေသည်။ ကျောင်းမှအိမ်ပြန်ချိန်ရောက်သည့်အခါ နှစ်ဦးသားအတွက် နိုင်ငံ့၀န်ထမ်းမှသည် ချစ်သူနှစ်ဦးအဖြစ်အသွင်ပြန်လည်ကူးပြောင်းသွားပေသည်။အလုပ်နှင့်ကိုယ်ရေးကိုယ်တာမှာဤသို့ခွဲခြားထားကြသည်။

အိမ်သို့အရင်ပြန်ရောက်သည့်သူက အိမ်မှုကိစ္စများလုပ်ကိုင်ထားသည်။တစ်ယောက်ကိုတစ်ယောက်တွက်ကပ်ခြင်းမရှိပဲ အိမ်ရှင်မများပီပီ နှစ်ယောက်လုံးတာ၀န်ကျေကြသည်ဟုပြောရမည်။ယနေ့တေးကအိမ်ပြန်ရောက်သည်ကစော၍ ညနေစာချက်ပြုတ်နေသည်။ဒေါ်ကြာညိုမှာဌာနတွင်မပြီးပြတ်နိုင်သောအလုပ်များကြောင့် အနည်းငယ်နောက်ကျပြီးမှပြန်ရောက်သည်။ကားသံကြားလျှင် တေးမီးဖိုခန်းမှအိမ်ရှေ့သို့ပြေးလာပြီး သူမအားဆီးကြိုလေသည်။ကားတံခါးကို တေးကိုယ်တိုင်သွားဖွင့်ကာ -

"တီချယ် ဘယ့်နှယ့်လဲ နောက်ကျလှချည်လား"

"ဟုတ်ပါ့တေးငယ်ရေ အလုပ်တွေပေါ့ အလုပ်တွေ သံသရာကိုရှည်လို့"

"ဒါဆိုရင်လည်းအိမ်ထဲမှာအနားယူပြီးရင် ရေချိုးဖို့ ရေချိုးကန်ထဲရေပါအဆင်သင့်ထည့်ပေးထားပါတယ်ရှင့်"

"အလိုက်တော်တော်သိ"

"တေးငယ်ကြောင့်တီချယ့်မှာအလုပ်ကပြန်လာရင်တောင်မောရမှန်းမသိတော့ဘူး"

"ငချွဲတုံး"

"ငချွဲတုံးက ဒီနေ့ဘာတွေချက်ထားတယ်ထင်လဲ"

"မှန်းစမ်းကွယ် အင်း......"

ဒေါ်ကြာညိုကတေး၀တ်ထားသည့် အေပရွန်လေးကိုလိုက်နမ်းကြည့်ပြီးနောက် -

"အင်္ကျီမှာ ငါးနံ့ရတယ် ငါးဟင်းလား"

"ဟီး ဟုတ်တယ်"

The sign of heart(Completed)Where stories live. Discover now