Episode - 2(Unicode)

8.3K 521 18
                                    

        အပေါ်စီးမှရေလောင်းချလိုက်သည့်အနေအထားတွင်တစ်စုံတစ်ဦးမှာကျေနပ်အားရနေသည့်ဟန်ရှိသည်။တံခါးဘောင်ကိုလက်တစ်ဖက်ကထောက်ပြီး ကျန်လက်တစ်ဖက်မှာတစ်တောင်ခန့်ရှိသည့်ပလတ်စတစ်ပုံးအလွတ်ကိုကိုင်ထားသည်။အမူအရာမှာလည်းနှစ်ခြိုက်စွာပြုံးနေပြီး ရေကွက်ဖြစ်နေခဲ့သည့်ထိုနေရာကိုအတန်ငယ်ကြာစိုက်ကြည့်နေသည်။ထူးဆန်းလေစွ.....သူမကားမည်သူနည်း။မည်သည့်အကြောင်းကြောင့်ပြုံးနေရပြန်သနည်း။အဖြေရှာတွေးတောဆင်ခြင်ရန် ခက်ကောင်းခက်နိုင်ပါသည်။

           ထိုဆရာမ၏အမည်နာမကား ‌ဒေါ်ကြာညိုမြင့်အောင်တည်း။ယခုနှစ်မှ တေးတို့တက္ကသိုလ်သို့အပြောင်းအရွေ့ဖြင့်ရောက်လာခဲ့သူဖြစ်သည်။ရာထူးမှာတွဲဖက်ပါမောက္ခဖြစ်ကာ အသက်အရွယ်အားဖြင့်၄၈နှစ်ပင်ရှိနေခဲ့ပြီ။သို့သော်အသက်အရွယ်နှင့်မလိုက်အောင်နုပျိုမှုကလည်း လေးဆယ်‌ကိုနှစ်အချို့လျော့ သုံးဆယ်ကျော်ဟုသာလူတိုင်းထင်ကြေးပေးမိကြ၏။ရုပ်ရည်ရူပကာအားဖြင့်လည်းပြစ်မျိုးမှဲ့မထင်လှပသောအမျိုးသမီးဖြစ်သည်။Body structureကအစ ရှေးကမယ်မြန်မာကိုယ်လုံးကဲ့သို့ပြေပြစ်လှသည်။ခြေလှမ်းကလေးများလှမ်းလိုက်လျှင်လည်း Pencil heelsလေးကို စွပ်ကနဲစွပ်ကနဲနင်းလိုက်ပုံက မိန်းမသားများဆင်မယဉ်သာသွားတတ်သည့်ပုံနှင့်ကွဲထွက်သည်။သို့သော်လည်း လမ်းလျှောက်ပုံကအစ တည်ငြိမ်ရင့်ကျက်သည့်ဟန်ဆောင်‌သည်။

         သူမမှာမိတ်ကပ်ကိုခပ်ပါးပါးသာလိမ်းလေ့ရှိပြီး ပန်းဆီရောင်နှုတ်ခမ်းနီကိုသာစွဲစွဲမြဲမြဲသုံးလေ့ရှိသည်။ဂုဏ်သရေရှိအသိုင်းအဝိုင်းကဆင်းသက်လာသည့်ဟန်မှာ သူမ၏ပြောဟန်ဆိုဟန် နေထိုင်ဟန်ကသက်သေထူနေပြန်သည်။ထိုကဲ့သို့အရာရာပြည့်စုံနေသည့်အမျိုးသမီးမှာ မည်သို့သောအကြောင်းကြောင့်တေးနှင့်တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းသလို မသင့်မမြတ်ဖြစ်ကုန်သနည်း.....ဆက်၍ရှု့ကြကုန်။

        ရေပုံးကိုလက်တစ်ဖက်ကဆွဲလျက်ပြတင်းပေါက်တွင်ရပ်နေသည့်ဒေါ်ကြာညိုမြင့်အောင်အား အလုပ်လုပ်ဖော်သူငယ်ချင်းဆရာမ ဒေါ်ရည်မွန်ကဘာမှမပြောပဲအစအဆုံးကြည့်နေခဲ့သည်။အောက်ထပ်ကိုရေလောင်းချ၍ အောင်မြင်သူ၏အပြုံးဖြင့်ပြုံးနေသည်။အောက်ကိုကြည့်လိုက်အ‌ဝေးကိုကြည့်ပြုံးလိုက်လုပ်နေသောသူမအားဒေါ်ရည်မွန်က လုပ်လက်စအလုပ်ကိုနား၍ ပြတင်းပေါက်အနီးသွား၍ မေးမြန်းရာ -

The sign of heart(Completed)Where stories live. Discover now