Episode -6(Unicode)

6.5K 508 46
                                    

       ထိုညကညကြီးအချိန်အခါမဟုတ်မိုးရွာသွန်းခဲ့လေသည်။အမှန်စင်စစ်တေးယူဆချက်အတိုင်းသိကြားမင်း၏ထောက်ခံအားပေးမှုလားတော့မသိပါ။ကျလာသောမိုးစက်တို့၏အရှိန်အဟုန်နှင့်ရွာသွန်းမှုနှင့်အတူ တေးတစ်ယောက်လည်းထိုညကအိပ်မ‌ပျော်ခဲ့ပါ။အဘယ့်ကြောင့်ဆိုသော် သူနေ့ခင်းကကိစ္စကိုစိတ်ထဲတွင်ခိုးလိုးခုလုဖြစ်နေ၍အကြံအိုက်နေသဖြင့် ဖုန်းကောက်ကိုင်ရင်းတီချယ်ရည်မွန်၏ Messengerမီးလင်းနေသည်ကိုတွေ့သည်။ထို့ကြောင့်ဒေါ်ရည်မွန်ထံမှသူမaccountအားမေး၍ ကျေးဇူးတင်စကားပြောမည်ဟုအကြံရသည်။ထို့နောက်သူပြောချင်သည့်အကြောင်းကိုလည်းသွယ်ဝိုက်၍အလှဆုံးနည်းဖြင့် သူမသည်အပြောင်းအလဲမြန်တတ်ပုံကိုပြောချင်သည်။ဤသို့ဖြင့်ဉာဏ်ကြီးရှင်တေးက ဒေါ်ရည်မွန်ထံမှသူမ Facebook accountကိုမလိမ့်တပတ်တောင်းလာကာ စာပို့ခဲ့ခြင်းဖြစ်သည်။

       အစကတေးစီစဉ်ထားသည်ကသူမယခုကဲ့သို့တုံ့ပြန်စေရန်မဟုတ်ခဲ့ပါ။ကျေးဇူးတင်ရင်းအပြစ်တင်ရင်းဗျုဟာဆင်ခဲ့သည့်တေးကို ဒေါ်ကြာညိုကပြန်လည်တုံ့ပြန်ခဲ့သည်မှာ တခြားစီပင်။တေးထင်သည်မှာခါတိုင်းလိုပင်သူ့အားရန်တွေ့စိတ်ဆိုးဦးမည်သာတွက်ထားသည်။သို့သော်မထင်မှတ်ပဲ Friendဖြစ်သွားကာ နောက်ဆုံးသူပြောခဲ့သည့်သိကြားမင်း၏ထောက်ခံမှုဟူသည့်ခပ်ထေ့ထေ့စကားကိုပင်ပြန်လည်မတုံ့ပြန်ခဲ့၍ပို၍ပင်အံ့ဩမိသည်။တေးဒေါ်ကြာညို၏ပင်ကိုယ်စရိုက်အနေအထားကိုမခန့်မှန်းရဲတော့‌ပါ။သို့သော် တေးအိပ်ချိန်ရောက်၍အိပ်ရန်ဟန်ပြင်သော်လည်းအိပ်မရခဲ့ပါ။တေးစိတ်မှာအိပ်ငိုက်ရမည့်အချိန်တွင်တက်ကြွကာ ဤအဖြစ်ကိုသူတစ်ယောက်တည်းတော့မြိုသိပ်မထားနိုင်တော့ပဲ ညကြီးမင်းကြီးသူငယ်ချင်းသုံးယောက်အားဖုန်းဆက်နှိုးတော့သည်။ကျန်သုံး‌ယောက်မှာဖုန်းထဲ၌အရေးတကြီးကိစ္စရှိကြောင်းပြောသဖြင့်အိပ်ခါနီးအိပ်မှုန်စုန်မွှားနှင့်လိုင်းတက်သူကတက် ရည်းစားနှင့်ဖုန်းပြောနေသည်ကိုရပ်ကာ ကမန်းကတန်းတက်သူကတက်နှင့် ညဆယ်နာရီခန့်တွင် Group chat၌ လူစုံနေတော့သည်။Group chat၌ အပြန်အလှန်စာပို့ကြရာ -

The sign of heart(Completed)Where stories live. Discover now