Episode - 21(Unicode)

5.3K 392 26
                                    


        "အချစ်ဟာအချစ်ပါပဲ" ဟု ကြွေးကြော်သံများကြား တကယ့်လက်တွေ့မှာ အပြောလွယ်သလောက်အလုပ်ခက်နေသည်သာ။စိတ်၏စေစားရာကိုလိုက်ခဲ့သည့်ဆရာမတစ်ယောက်မှာ ကလေးငယ်၏လက်ကိုဆွဲကာသံသရာအဆုံးထိပြေးပုန်းရင်း နှစ်ယောက်တည်းဖြင့်တစ်ကမ္ဘာတည်လိုက်ချင်ပါသည်။လူများ၏ကဲ့ရဲ့ဝေဖန်သံများဝေးရာကိုထွက်ပြေးချင်ပါသည်။အဘယ့်ကြောင့်ဆိုသော် ကလေးငယ်ကိုချစ်လိုလွန်း၍ ဆန္ဒလိုက်နောက်ခဲ့သော်လည်း မိမိနှစ်ရှည်လများတည်ဆောက်ထားခဲ့ရသော ဆရာမဟူသောဘ၀ကို တစ်နေ့နေ့ထိခိုက်လာမည်ကိုလည်း တွေးတိုင်းသွေးပျက်နေသည်။အမြတ်နိုးဆုံးအလုပ်နှင့်အမြတ်နိုးဆုံးလူကြား ခုချိန်ထိကြောက်ရွံနေတုန်းပင်။တေးသိအောင်မပြောခဲ့သော်လည်း သူမစိုးရိမ်စိတ်တို့မှာမြင့်မားနေခဲ့၏။

       သို့သော်လည်းတေးအပေါ်သူမအချစ်လျော့သွားမည်မဟုတ်ပေ။အသက်အရွယ်ကွာဟမှုကြောင့် ၅၂၈နှင့်၁၅၀၀ပါပေါင်းချစ်ရသည့် ကလေးကို သူမအဆုံးရှုံးခံနိုင်မည်ဟု ယောင်လို့ပင်မတွေးပါ။စာသင်နှစ်မှာအမြန်ဆုံးပြီးဆုံးသွားလျှင် တေးနှင့်သူမအတွက် ရွေးချယ်စရာရှိလာနိုင်သည်။သို့မဟုတ် အနေအထိုင်အလွန်သတိထားရသည့်ဘ၀မှကျွတ်လွတ်လာနိုင်သည်။ခိုးချစ်ရသည်မှာလည်း နှစ်ဦးလုံးအတွက်ဂုဏ်သိက္ခာအရ ယာယီစီစဉ်ထားခဲ့သောအခြေအနေသာဖြစ်သည်။တစ်ချိန်တွင် တေးသည်မိမိအတွက်အားကိုးဖော်လေးဖြစ်လာပေလိမ့်မည်။ထိုအချိန်တွင် ဖုံးကွယ်ထားရန်မလိုတော့သည့်အတွက် လွတ်လပ်သောချစ်ခြင်းတရားဖြင့် အချစ်ကမ္ဘာဆီသို့နှစ်ယောက်တူတူလျှောက်လှမ်းနိုင်ပြီ။ကြားထဲကာလ၌သာ ဤဆက်ဆံရေးသည်လျို့ဝှက်သိပ်သည်းစွာရှိနေစေချင်သည်။

        သူမရင်တွင်း ထိုစိတ်တို့ဖြင့်ဗလောင်ဆူနေသော်လည်းတေးကိုအရင်ကထက်ပင်ပိုချစ်ပေးခဲ့သည်။တေးလိုအပ်သည်များ၀ယ်ပေးတတ်ခြင်း၊နေ့လည်ခင်းထမင်းစားချိန်ကအစ အတူတူခေါ်စားခြင်း၊အိပ်ရာ၀င်သည့်အခါလည်း ကလေးသဖွယ်ဖုန်းထဲမှချော့သိပ်တတ်ခြင်း၊နွဲ့ဆိုးဆိုးသည့်အခါတွင်လည်း စိတ်ရှည်စွာချော့မော့ပြောတတ်ခြင်းတို့မှာ သူမပေးနိုင်သောချစ်ခြင်းတရားပုံစံပင်။တေးကိုယ်တိုင်လည်း ထိုချစ်ခြင်းအပေါ်သံသယတစ်စိုးတစိမျှမရှိ။မည်သည့်ပုံစံဖြင့်နေရသည်ဖြစ်စေ အနားတွင်ကြင်နာသူရှိလျှင်ပြီးပြည့်စုံသည်ဟုယူဆထား၏။

The sign of heart(Completed)Where stories live. Discover now