Episode - 5(Unicode)

6.4K 495 27
                                    

       စီးထားသည့် Pencil heelsလေးကိုခြေသံခပ်ပြင်းပြင်းနှင့်မြန်မြန်ပြေးဆင်းသွားလိုက်သည်။တေးလဲကျရာနေရာမှာဆရာမနှင့်ဂုဏ်ထူးတန်းကျောင်းသူများဆင်းလိုက်တက်လိုက်လုပ်နေသည့်နေရာဖြစ်၍ ဂုဏ်ထူးတန်းကျောင်းသူလေးငါးယောက်ကတေးကိုဆွဲထူနေလေသည်။သူမလည်းတေးအနားရောက်၍သေချာကြည့်လိုက်ရာ နဖူးမှာ‌ပေါက်သွားရုံမျှဖြစ်၍ တော်သေးသည်‌ဟုတွေးကာသက်ပြင်းချနိုင်သည်။လူမအုံးစေရန်ကျောင်းသူများကိုအတန်းပြန်ခိုင်းလိုက်ပြီး ကျောင်းသူများဖဲခွာသွားလျှင် တေးနှင့်သူမနှစ်ယောက်သာကျန်ခဲ့သည်။သူမတေးကိုအေးဆေးတည်ငြိမ်သောလေသံဖြင့် -

"ဘယ်လိုနေလဲသမီး"

"နဖူးကတော့အတော်နာတယ်တီချယ်"

"အင်း နဖူးပေါက်သွားတာသမီး"

"မစိုးရိမ်နဲ့ တီချယ်ကိုကိုင်ထ"

"ဒီနားလေးမှာတိုင်လေးမှီစောင့်နေ အပေါ်ထပ်ကနေအိတ်ယူလာခဲ့မယ် ဆေးခန်းသွားမယ်"

"ဟုတ်"

         တေးဒဏ်ရာမှစီးကျနေသောသွေးကြောင့်မျက်စိမှာပိတ်ထားရသည်။ထို့ကြောင့်သူမညာဘက်လက်မောင်းကိုတေးဘယ်လက်နှင့်အားယူကာထလိုက်ရသည်။သူမကအပေါ်ထပ်တွင်ပိုက်ဆံအိတ်နှင့်ကားသော့ယူလာပြီးနောက်တေးအနားရောက်လာသည်။တေးအနားရောက်လျှင်တေးနဖူးဘယ်ဘက်စွန်းစွန်းမှသွေးကမျက်လုံးဆီသို့ကျဆင်းနေသည်ကိုတွေ့ရသည်။ထို့ကြောင့်ဒေါ်ကြာညိုပိုက်ဆံအိတ်ထဲမွှေနှောက်ရှာရင်း လည်စည်းပဝါအညိုရောင်လေးထွက်လာ၍ စီးကျနေသောတေးသွေးများကိုအသာအယာသုတ်ကာ -

"တေး မျက်လုံးဖွင့်ကြည့်ဦး"

"ဖွင့်လို့ရပြီလား"

"ဟုတ်ရပါပြီ ခုနကလောက်မဆိုးတော့ဘူး"

"သွေးကထပ်စီးနေမှာစိုးလို့ဒီလည်စည်းပဝါကိုင်ထား သွေးကျရင်သုတ်နော် ဆေးခန်းကနည်းနည်းလှမ်းလို့"

"ဟုတ်"

"လာလာ  ခေါင်းတွေဘာတွေမူးနေမှာစိုးလို့တီချယ့်လက်မောင်းကိုင်လျှောက်"

The sign of heart(Completed)Where stories live. Discover now