Episode - 7(Unicode)

6.3K 473 40
                                    

       တေးသူမခေါ်ဆောင်ရာနောက်လိုက်သွားရာတွင်တိုက်ပုလေး၏နောက်ဆုံးအခန်းသို့ရောက်သွားသည်။ဟင်းချက်ရန်ဒယ်အိုး ထမင်းအိုး ကြောင်အိမ် ပလပ်ပေါက်ပန်းကန်စင် ဘေစင် ငရုတ်ဆုံ ဇွန်းခရင်း ဓား ကပ်ကြေးအစုံပလုံရှိသည့်အခန်းလေး‌ဖြစ်ပြီး လေ‌လာအောင်တံခါးပေါက်လေးများဖွင့်ထားသည်။ညမှောင်ရီပျိုးနေပြီဖြစ်၍ ဆောင်းရာသီမှာနေ့တာတိုသဖြင့် အအေးဓာတ်ကစ၀င်လာသည်။သို့သော်အပေါ်၀တ် ဟူဒီလေးတေး၀တ်လာ၍တော်သေးသည်။

       သူမမှာမီးဖိုခန်းထဲတွင်ထမင်းဟင်းနှစ်ယောက်စာကိုခူးခပ်၍ စားပွဲပေါ်တွင်‌လက်ဆေးရေမှအစ ဇွန်းခရင်းလက်သုပ်ပဝါအဆုံးပြင်ဆင်ပေးသည်။ထို့နောက်သောက်ရေအဖြစ် ရေခဲသေတ္တာထဲမှရေသန့်ဘူးပါယူထားပေးလေသည်။တေးညစာကိုကြည့်လိုက်လျှင် ငပိကြော် မန်ကျည်းသီးစိမ်းချက် ၀က်သားချက်နှင့် အရည်သောက်အဖြစ် ပဲကြာဆံဟင်းချိုလေးတောင်ပါသေးသည်။တေးမကြိုက်သည့်ဟင်းမပါသည့်အပြင်ချက်ထားသည်ကလည်း အနံ့နှင့်တင်တေးအားဆွဲဆောင်နေပါတော့သည်။တေးကထမင်းဝိုင်းကိုဈာန်၀င်ပြီးကြည့်နေစဉ် သူမက -

"ထမင်းကသိုဏ်းရှု့နေသလား"

"စား "

"ဟုတ်ကဲ့တီချယ်"

"လက်နဲ့စားချင်ရင်စား မစားတတ်ရင်ဇွန်းခရင်းနဲ့စား"

"တီချယ်ဘာနဲ့စားမှာလဲ"

"လက်နဲ့"

"ဟင်..."

"အံ့သွားသလား"

"ဟုတ် နည်းနည်း တီချယ်က APဆိုတော့"

"ဪ ခက်ပြီတေးလိပ်ပြာရယ် တို့ကAPမို့ထမင်းစားရင်ဇွန်းခရင်းကြီးနဲ့စားရမှာလား အလှုမင်္ဂဆောင်ဆိုတစ်မျိုးပေါ့"

"ကိုယ့်အိမ်ကိုယ်တော့လက်နဲ့ပဲစားတယ်တော် ဘယ်သူမြင်သလဲကိုယ်ပဲမြင်တယ်"

"စကားမပေါနဲ့တော့ စား"

"ဟို တီချယ်..."

"ဘာဖြစ်ပြန်တာလဲ ပြော ဟင်းမကြိုက်လို့လား"

"မဟုတ်ပါဘူးတီချယ် တစ်ခုလောက်အကူအညီတောင်းလို့ရမလား"
(တေးမျက်နှာငယ်လေးဖြင့်ဆိုသည်)

The sign of heart(Completed)Where stories live. Discover now