Episode - 9(Unicode)

5.7K 478 38
                                    

       ညဘက်ရောက်လျှင် တေးမအိပ်ခင်ဖုန်းကိုဖွင့်ပြီး Facebookသုံးရန်လုပ်လိုက်သည်။Gp chatတွင်သူငယ်ချင်းမသုံးယောက်၏စာများကတစ်တောင်တောင်၀င်လာ၍ messengerဆီအရင်ကြည့်လိုက်စဥ်.....။အကြောင်းအရာမှာညနေကဒေါ်ကြာညိုကားပေါ်တွင်တေးကိုမြတ်နိုးကသူ့ဘဲနှင့်ချိန်းတွေ့ရင်းအပြန်တွင်တွေ့လိုက်သဖြင့်မေးနေခြင်းဖြစ်ကာကျန်နှစ်ယောက်ကပါ‌ ရောမေးနေကြသည်။ထိုအခါတေးကညနေက ပိုင်ဇေရမ်းကားခဲ့ပုံများ၊ကံကောင်းထောက်မစွာဖြင့်ဒေါ်ကြာညိုမြင့်အောင်၀င်ကူညီ၍ အရှက်တကွဲအကျိုးနည်းမဖြစ်ရသည့်အကြောင်းများကိုပြောပြလေသည်။မြတ်နိုးတို့မမေးလျှင်လည်းတေးရင်ဖွင့်ချင်နေသည်။မေးလိုက်သည်ကအလိုက်သင့်ဖြစ်သွား၍တေးပြောပြလိုက်ရ၍ ပေါ့သွားသလိုခံစားရလေသည်။

"တေးရာ ငါတို့အနားမှာမရှိတဲ့အချိန်ဖြစ်ရတယ်လို့ နင့်ကိုငါတို့လိုက်ပေးရမလားမေးတုန်းက ရတယ်ဆိုလို့နင့်တစ်ယောက်တည်းလွှတ်လိုက်တာညနေက"
(သိမ်မွေ့)

"နင့်ကိုငါလည်းစိတ်ထင့်နေပေမယ့် နင်ရတယ်ပြောလို့ငါလည်းအိမ်ကကားနဲ့ပြန်လိုက်တာ"
(နေနေ)

"ဒီကောင့်စိတ်ဓာတ်ကအောက်တန်းစားဆန်တာပါဟာ"
(မြတ်နိုး)

"ငါနင့်ကိုဆရာမကားပေါ်မြင်လိုက်တော့ နင်မျက်နှာမကောင်းတာမြင်လိုက်တယ် ငါလည်းအိမ်ရောက်တော့သိမ်မွေ့နဲ့နေနေကိုဖုန်းဆက်ပြီး နင်လိုင်းအတက်စောင့်နေကြတာ"
(မြတ်နိုး)

"သူငယ်ချင်းရယ် နင့်မှာလည်းအန္တရာယ်များလိုက်တာ"
(နေနေ)

"ပိုင်ဇေထွန်းဒီလိုကောင်မှန်းမသိခဲ့ဘူး နင့်အဖိုးသဘောတူထားတာဆိုတော့"
(နေနေ)

"အခုလည်းတစ်မျိုးကောင်းပါတယ်ဟာ ဒီကောင်နဲ့မပတ်သတ်ရတော့တာပေါ့ဒီလိုဖြစ်သွားတာလည်း"
(သိမ်မွေ့)

"ဘာမှစိတ်ထဲမှမထားနဲ့တေး ငါတို့ရှိတာပဲ နင့်ကိုကယ်လိုက်တဲ့သူပဲကျေးဇူးတင်"
(သိမ်မွေ့)

"ငါလည်းဒါမျိုးကြီးတစ်ခါမှမဖြစ်ဖူးဘူး ကျန်တဲ့‌ရည်းစားတွေကိုငါပြတ်ပြီဆိုပြီးသွားပြီ ဒီကောင်ကျမှငါခံလိုက်ရတော့မလို သီသီလေးပဲလိုတော့တာ"
(တေး)

The sign of heart(Completed)Where stories live. Discover now