" အင့် "ဂျယ်ယွန်း တစ်ကိုယ်လုံး ကိုက်ခဲကာနှုံးချိနေသည်။ မျက်လုံးတောင် မဖွင့်ချင်။ သူ့ကိုယ်ပေါ်မှာရှိတဲ့ စောင်ဖြူတွေ အထပ်လိုက်ကိုလဲ ဖယ်နေရသည်။ ဘယ်သူကများ သူ့ကို စောင်ဖြူတွေကြား အနှီးထုတ်သလို ပတ်ထည့်သွားတာလဲ။
ဂျယ်ယွန်းတစ်ယောက် တွေးနေရင်းမှ တစ်ချက်ပြန်တွေးမိသည်။
ငါကလဲ အရူးကြနေတာဘဲ ဒီအိမ်မှာ ပတ်ဆောင်းဟွန်းနဲ့ ငါဘဲရှိတာကို။ ပတ်ဆောင်းဟွန်း လက်ချက်မဟုတ်လို့ ဘယ်သူလက်ချက်ဖြစ်ရမှာလဲ။
တစ်ကယ်တော့ ဒါဟာ ဆွဲကြိုးလာယူပါတယ်ဆိုမှ လူနာစောင့်ပေးလိုက်ရတဲ့ ပတ်ဂျုံဆောင်းလက်ချက်ဖြစ်သည်။
"သခင်လေး နိုးလာပါပြီလား"
ဘေးဘီကကြားလိုက်ရသော အသံတစ်ခု။ ပြီးတော့ ဘယ်သူ့ကို သခင်လေးလို့ခေါ်နေတာလဲ။
"ဘယ်..သူ..လဲ"
"အိမ်ထော်ထိန်းပါ..သခင်လေး"
ဘာလို့သူ့ဘေးမှာ အိမ်တော်ထိန်းကရှိနေတာလဲ။
ပတ်ဆောင်းဟွန်း က ရှိနေပေးရမှာမဟုတ်ဘူးလား။"ပတ်..ဆောင်းဟွန်း..ရော?"
"သခင်ကြီးက အလုပ်သွားပါတယ်။
မသွားခင် ကျွန်တော့်ကို သခင်လေးအနားနေပေးပြီး
နိုးလာရင် ဆန်ပြုတ်ကျွေးပေးပါဆိုလို့ပါ"ဆန်ပြုတ်..ဆန်ပြုတ်..ဟင့်
အိပ်လဲမအိပ်သလို ထလဲမထဘဲ စောင်တွေဖယ်ပြီး မျက်လုံးမှိတ်လျက် စကားပြောနေတဲ့ ဂျယ်ယွန်းမျက်နှာလေး မဲ့ကြသွားတော့ အိမ်တော်ထိန်းမှာ သူဘာများ မှားသွားသလဲဆိုပြီး ပျာယာခတ်သွားလေရဲ့။
"သခင်လေး..ဘာများအလိုမကျတာရှိလို့လဲ"
"ဆန်..ဆန်ပြုတ်မသောက်ချင်ဘူး"
" အဲ့တာတော့မရဘူးထင်တယ် သခင်လေး
သခင်ကြီးက သေချာပေါက်ဝင်အောင်
သောက်ခိုင်းခဲ့ပါတယ်။ သခင်လေးမသောက်ရင် ကျွန်တော်သေမှာဗျ"ပတ်ဆောင်းဟွန်းကတော့ မဟုတ်တာတွေ ခြောက်ထားပြန်ပြီ။ ဟုတ်နိုင်တယ်ဆိုတာကိုတော့ ဂျယ်ယွန်း
မသိခြင်ယောင်ဆောင်ထားလိုက်သည်။

YOU ARE READING
MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾
Người sóiPark Sunghoon x Sim Jaeyun "𝗍𝗌𝗄..𝗒𝗈𝗎 𝖼𝖺𝗇'𝗍 𝖾𝗌𝖼𝖺𝗉𝖾 𝖿𝗋𝗈𝗆 𝗆𝖾,𝗆𝗒 𝗅𝗈𝗏𝖾" 𝗌𝗍𝖺𝗋𝗍𝖾𝖽 : 4/6/22 𝖾𝗇𝖽𝖾𝖽 : 00/00/00