t𝗁𝗂𝗋𝗍𝖾𝖾𝗇

1.6K 120 24
                                    

[ ⚠︎ contains mature scene ] 

" ဟင်း "

မျက်နှာပေါ်သို့ရိုက်ခက်သော လေငွေ့နှင့် ခပ်ပြင်းပြင်းအသက်ရှူသံကြောင့် ဂျယ်ယွန်းမျက်လုံးများသည် မပွင့်တပွင့်နှင့် ပွင့်လာသည်။

အခြေအနေကို စူးစမ်းကြည့်တဲ့အခါ ‌ စားပွဲခုံတစ်လုံးနှင့်ထိုင်ခုံတစ်ခုံသာရှိတဲ့ နံရံတွေ စုတ်ပြတ်ချို့ယွင်း နေတဲ့ အလင်းရောင်မှုန်မှုန်လေးအောက်က အခန်းပတ်ဝန်းကျင်ကို တွေ့ရသည်။

သူတို့သည် အခန်း၏ ထောင့်မှ မကြီးမသေးသော မညစ်ပတ်ပေမဲ့ မသန့်ရှင်းတဲ့အိပ်ယာခင်းနှင့် သစ်သားကုတင်ပေါ်တွင် ရှိနေကြသည် ။ ကုတင်ပေါ်တွင် ခေါင်းအုံးတစ်လုံးရှိသော် အယ်လ်ဖာသည် ကုတင်ခေါင်းရင်းကိုမှီကာထိုင်လျက် အိုမီဂါလေးကို ပေါင်ပေါ်တွင် ချီထားကာ ကုတ်နှင့်လဲ ခြုံပေးထားသည်။

ရုတ်တစ်ရက်ထွက်လာပြန်တဲ့ညည်းညူသံကြောင့်
အိုမီဂါလေးဟာ ခေါင်းမော့ကြည့်လိုက်တဲ့အခါ အယ်လ်ဖာ၏ တွန့်ချိုးနေသော မျက်ခုံးထူထူတွေနဲ့မျက်နှာဖြူဖြူ။

နှုတ်ခမ်းအရောင်မှာလဲဖြူဖျော်နေပြီး အသက်ရှူလိုက်သည့်အခါတိုင်း လေပူများထွက်လာသည်။

ဂျယ်ယွန်းကိုယ်ကို မတ်လိုက်သည့်အခါ ဆောင်းဟွန်း၏ မျက်နှာချောချောနှင့် မျက်နှာချင်းဆိုင် ဖြစ်သွား၏။

သူ့ ကျောပေါ်သို့ အုပ်ပေးထားတဲ့ ကုတ်အနက်ကို ဂျယ်ယွန်းသည် ခေါင်းလေးစောင်းကြည့်၍ နှလုံးသားလေး လှုပ်သွားသလိုခံစားရသည်။

နဖူးစပ်မှ ချွေးစီးများသည် မျက်‌နှာနံဘေးတစ်လျှောက်ကနေ လည်တိုင်စီကနေ ထင်းရှားသော ညှပ်ရိုးများမှ ပြဲဟထားသော ရင်အုပ်သို့ စီးကျသွားသည်။

ဂျယ်ယွန်း အပူများတက်ကာ ကြက်သီးများထလာသလို ခံစားရ၍ တံတွေးမြိုချမိလိုက်သည်။

ဆောင်းဟွန်းနဖူးပေါ်နှင့် သူ့နဖူးပေါ်သို့ လက်ဖမိုးကို အသာတင်ရင်း အပူစမ်းကြည့်သည့်အခါ ပတ်ဆောင်းဟွန်းသည် ပူကျစ်တောက်ကာ ဖျားနေပြီကိုသိလိုက်ရသည်။

MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾Where stories live. Discover now