" ခဏ..တံခါးမပိတ်လိုက်ပါနဲ့!..ကျေးဇူးပြုပြီး "အမျိုးသမီးက အလျင်လိုစွာ ပတ်ခ်ဆောင်းဟွန်းပိတ်လိုက်တော့မည့်တံခါးအား လက်ကြားခံလိုက်သည်။
အရင်စိတ်နဲ့ဆိုရင် ဆောင်းဟွန်းဟာ လက်ပြတ်သွားသည် ဖြစ်ဖြစ် ဂရုမစိုက် ဒီတိုင်းဝုန်းကနဲသာ ပိတ်ချလိုက်မည်။ သူ့၏ လက်မောင်းပေါ်ကို အသာတင်ကာ တားမြစ်လာတဲ့လက်ကလေးကြောင့် ဆောင်းဟွန်းရပ်တန့်လိုက်သည်။
" ဘာလာလုပ်တာလဲ..."
ခပ်ပြတ်ပြတ်မေးလိုက်သော စကား၏ လေလှိုင်းလေးမှာ ဆောင်းဟွန်းအနောက်ကမြင်ရသော ပုခုံးလေးနဲ့ထပ်တူ မသိမသာ တုန်ယင်နေခဲ့သည်။
ဆောင်းဟွန်း ခါးသိမ်သိမ်လေးအပေါ် လက်ကို ရွေ့တင်ထားလိုက်သည်။
" အမေတို့ ဂျယ်ယွန်းကိုပြောပြစရာရှိလို့ပါ"
အမျိုးသမီး၏ အသံနှင့်မျက်နှာတွင် အပြစ်ရှိသလိုပုံစံဖြစ်နေခဲ့သည်။
" ကျွန်တော်ကို တောင်းပန်ဖို့ဆိုရင် မလိုဘူး! ထွက်သွားတော့! ဒီလောက် ကျွန်တော့်အပေါ် ပစ်ပစ်ခါခါလုပ်ခဲ့ပြီးမှ ခဗျားတို့ တောင်းပန်စကားတွေ နားထောင်လို့ ခဗျားတို့အပေါ်ဖြစ်ပေါ်လာတဲ့ ကျွန်တော့်နာကျည်းမှုတွေကို ပြန်ပြင်လို့ရမှာမဟုတ်တော့ဘူး ထွက်သွားပါတော့! ကျေးဇူးပြုပြီး!"
မျက်ဝန်းအထက် မျက်ရည်များဝေ့ရီလျက် နှုတ်ခမ်းကိုတင်းတင်းကိုက်ထားတဲ့ ဂျယ်ယွန်းမျက်နှာပုံရိပ်လေးက နာကျည်းမှုတွေ ဝမ်းနည်းမှုတွေ ဒေါသတွေ ပြည့်နှက်နေသည်။
" ကြားတယ်နော် လစ်လိုက်တော့ "
" မင်းက ငါတို့သားအရင်းမဟုတ်ဘူး "
အမျိုးသားကြီးသည် အတွင်းထဲ အတင်းတိုးဝင်လာတာကြောင့် ဆောင်းဟွန်း လက်တွေဟာ အိုမီဂါလေးအား အလိုအလျောက် အနောက်သို့ပို့လိုက်ကာ အရှေ့မှ ကျောက်တံတိုင်းကြီးပမာ ကာထားသည်။
အကြည့်တို့က ဝင်လာတဲ့ အမျိုးသားကြီးအပေါ် စူးစူးရဲရဲ ကျရောက်နေသည်။
အရှေ့ကကြည့်ရင် မျက်လုံးလေးသာ မြင်ရတဲ့ အိုမီဂါလေးဟာ အချိန်ကြာကြာ အံဩမနေသလို ထူးစမ်းမနေသလို အရှေ့သို့ ပြန်ထွက်လာရင်း လှောင်ရယ်ကာ ဆိုတယ်။
YOU ARE READING
MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾
WerewolfPark Sunghoon x Sim Jaeyun "𝗍𝗌𝗄..𝗒𝗈𝗎 𝖼𝖺𝗇'𝗍 𝖾𝗌𝖼𝖺𝗉𝖾 𝖿𝗋𝗈𝗆 𝗆𝖾,𝗆𝗒 𝗅𝗈𝗏𝖾" 𝗌𝗍𝖺𝗋𝗍𝖾𝖽 : 4/6/22 𝖾𝗇𝖽𝖾𝖽 : 00/00/00