𝖾𝗂𝗀𝗁𝗍𝖾𝖾𝗇

1.1K 99 16
                                    


" ဟမ်? "

မိဖိုချောင်တွင် ဟိုသွားဒီသွားနှင့် ခန္တာကိုယ်လေးတစ်လှုပ်လှုပ်နဲ့ပင် အလုပ်ရှုပ်နေတဲ့ ကျောပြင်လေးအား သွေးကြောများထင်းနေတဲ့ ဖြူစုတ်စုတ် လက်မောင်းတစ်စုံ ဟာ သွားဖက်တွယ်တဲ့အခါမှာတော့ ကာယကံရှင်လေးမှာ ကြောင် သွားတဲ့ အသံ‌လေးထွက်လာသည်။

ဒါပေမဲ့ မကြာပါဘူးလက်ကလေးက နောက်ပြန်လှမ်းလာလို့ ဆောင်းဟွန်းဟာ ထိုလက်ကလေးအနားမျက်နှာကိုတိုး‌တော့ လက်ချောင်းလေးတွေဟာ သူ့၏ မျက်နှာကို ပွတ်တိုက်လာတယ်။

နှုတ်ခမ်းနားကပ်လာတဲ့အခါ လက်ချောင်းလေးတွေကို လိုက်နမ်းမိတော့ တခစ်ခစ်ရီသံလေးက လွှင်လာတယ်။

ဂျယ်ယွန်းသည်တော့ အပူမလောင်စေရန် အဆာပလာများ ထည့်ထားပြီးသော ခေါက်ဆွဲအိုးအား မွှေပေးနေရင်း အနံ့မွှေးမွှေးလေးပျံ့လာချိန်တွင် မီးကိုမြန်မြန်ပိတ်ကာ ခေါက်ဆွဲအိုးအား ချရန် လက်နှစ်ဖက်သုံးရမည်ဖြစ်၍ လက်ကို ပြန်ရုတ်သော် တစ်ယောက်သောသူက သူ့၏ လက်ထိတ်ဖျားအား အသာဆွဲငုံထား၍ သူ့၏ သွေးကြောများထင်းလျက်ရှိတဲ့ဖြူဖွေးဖွေးလက်တစ်ဖက်နဲ့သာ အပူကာကွယ်ရန် လက်အိတ်ကိုစွတ်လိုက်၍ ကိုင်းတစ်ဖက်ကို ကိုင်ထားကာ နောက်ပြန်လှည့်သော ဂျယ်ယွန်းကို ကြည့်ကာပြုံးပြလာသည်။

ဂျယ်ယွန်းမှာ ပြုံးစိစိရုံသာတက်နိုင်ပြီး အပူခဲလက်အိတ်စွပ်ထားပြီးသော တစ်ဖက်နှင့် ကိုင်းအားကိုင်လိုက်သည်။

ထိုအခါ လူနှစ်ယောက်၏ လက်တစ်ဖက်အကူညီ‌နှင့် ခေါက်ဆွဲအိုးလေးဟာ စားပွဲပေါ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ထိုအခါမှ ဂျယ်ယွန်းသည် အနောက်လှည့်လို့ရတော့သည်။

" တအားကပ်နေတာဘဲ မင်းကတော့ "

" မရဘူးလား ကိုယ့်ဇနီးအနား ကိုယ်ကပ်တာဘဲကို "

" ဘယ်သူက မင်း ဇနီးလဲ? "

" ဘယ်သူဖြစ်မလဲ? "

နှစ်ယောက်သည် အလွန်နီးကပ်သော မျက်နှာအကွာအဝေးဖြင့် မျက်လုံးများက နှုတ်ခမ်းတစ်လှည့် မျက်လုံးတစ်လှည့် စိုက်ကြည့်ရင်း အပြုံးများပင်ဖုံးမရ ဖိမရ။

MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾Where stories live. Discover now