𝗇𝗂𝗇𝖾

1.7K 148 18
                                    


" ဂျယ်ယွန်း "

" အင်..? "

တီဗီ့ထံသို့ မျက်နှာတစ်ချက်မလွှဲဘဲ ပြန်ဖြေလာတဲ့ အိုမီဂါကြောင့် ဆောင်းဟွန်း မျက်ခုံးနက်နက်တွေ ကြုံ့သွားသည်။

ဆောင်းဟွန်း၏အလိုမကျသော မျက်လုံးများသည် တီဗီ ပေါ်သို့ကျရောက်သွားသည်။

Variety show တစ်ခုဖြစ်သည်။ ကလေးလေးများက မိဘများနဲ့အတူ ကစားကွင်းသွား၍ လျှောက်ဆော့နေသည့် မြင်ကွင်း.. ဂျယ်ယွန်း ဘက်သို့ ပြန်လှည့်ကြည့်သည့်အခါ မျက်လုံးဝိုင်းဝိုင်းလေးတွေက တလက်လက်နဲ့ ကြည့်နေတာ ကစားကွင်းသွားချင်နေတဲ့ ကလေးလေးနှင့်တူသည်။

ဒါပေမဲ့ ‌ဂျယ်ယွန်းကို အပြင်ခေါ်ထုတ်လို့မဖြစ်..မြို့မှာဆို အန္တာရာယ်များလှတယ်..သူ့လိုလူကို သေစေချင်နေတဲ့လူတွေမှအများကြီး အဲ့တာကြောင့် ခန့်မှန်းမိရသလောက် သူ့အနားမှာရှိနေတဲ့ ဂျယ်ယွန်းအကြောင်းကိုလဲ စုံစမ်းပြီးလောက်ကြပြီ။ အဲ့တာဆိုရင် သူတို့က ဂျယ်ယွန်းကို ဓားစာခံ လုပ်မှာ အသေအချာဘဲ။

ဆောင်းဟွန်း ဂျယ်ယွန်းနားမှာ တပ်ကြပ်မကွာ လိုက်စောင့်ပေးနိုင်ပေမဲ့ မျက်တောင်တစ်ခက် အတွင်းဘာတွေ ဖြစ်သွားနိုင်မလဲ မသိနိုင်ဘူးလေ။ သူ ဂျယ်ယွန်းကို နည်းနည်း‌လေးမှ အထိအခိုက်မခံစေချင်ဘူး။

* * * * * * * * * * * * * *

" ဘန် "

စာရင်းစာတမ်းတွေကို လှန်လှောကာ ကြည့်ရှူနေတဲ့ အယ်လ်ဖာခေါင်းဆောင် ဆောင်းဟွန်းရဲ့ ပုံရိပ်ဟာ မှင်သက်ရှူမော စရာကောင်းလွန်းနေတယ်။

မှန်ပြတင်းပေါက်တွေ ကို ကာထားတဲ့ အမည်းရောင်လိုက်ကာ တွေကြားက ခပ်သာသာ အလင်းရောင်လေးက အယ်လ်ဖာ ရဲ့ အချိုးကျညီသော ‌နှာတံသွယ်သွယ် ပေါ်ကမှဲ့စက်လေးကို ပိုပြီးထင်ရှားအောင် ကူညီပေးလေတယ်။

ပျော့ပြောင်းနေတဲ့ အညိုရောင်သမ်းသော ဆံနက်တွေက မသိမ့်မွေ့လိုသော ရေကြည်လိုတည်ငြိမ်‌တဲ့ ‌မျက်လုံးရှေ့ကို ဝဲကျနေသည်။

အမှောင်ဘက်ခြမ်းက အေးစက် ကြောက်စရာကောင်း၍ ရက်စက်သော ဘန်ဂျမင် ၏ ပုံရိပ်ဟူသည်နှင့် ကွဲပြားစွာ မြို့ပြတွင် အယ်လ်ဖာဆောင်းဟွန်းသည် ဖြုန်းမကုန်နိုင် သုံးမကုန်နိုင် အကန့်အသတ်မရှိသော ငွေပမာဏ ပိုင်ဆိုင်ထားသော ခန့်ညားတည်ကြည်တဲ့ CEO တစ်ယောက်ဖြစ်သည်။ အေးစက်သည်ကတော့ ပြောင်းမလဲသွား။

MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾Where stories live. Discover now