𝗌𝗂𝗑

1.9K 177 21
                                    


ㅤㅤㅤㅤㅤㅤㅤㅤㅤㅤ
" ဟို.. ဆောင်းဟွန်း "

တိတ်ဆိတ်နေတဲ့ ထမင်းစားခန်း၏လေထုကို ဂျယ်ယွန်း ပထမဆုံးအကြိမ် ဖြိုခွဲမိလိုက်သည်။

သူ့စကားသံကြောင့် ထမင်းစားနေရာမှ သူ့စီကို ကြည့်လာတဲ့ ဆောင်းဟွန်းကြောင့် လက်ထဲက ခရင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မိလိုက်သည်။

ပြောမည်ဟု ခေါင်းထဲတွေးထားတဲ့စကားတွေဟာ ဆောင်းဟွန်းရဲ့ အကြည့်စူးစူးမှာအောက်မှာတင် ပြားပြားဝပ်သွားသလို စကားတောင်ရှာမရတော့။

" ပြော..ဘာပြောမလို့လဲ "

တဖန်တိတ်ဆိတ်သွားတဲ့ ထမင်းစားခန်းကြောင့် ဆောင်းဟွန်းဘက်ကနေ အရင်စမေးလိုက်တဲ့အခါ ဂျယ်ယွန်းလဲ တံတွေးတစ်ချက်မြိုချပြီး ပြောဖို့အရဲစွန့်ကြည့်သည်။

" ငါ့..ငါ့ကိုဘာလို့မသတ်တာလဲ.."

မရဲမဝန့် ပုံစံလေးနဲ့ မျက်လုံးလေး ကလယ်ကလယ်လုပ်ကာ မေးလာတဲ့ ဂျယ်ယွန်းကြောင့် ဆောင်းဟွန်း မျက်မှောင်တွေတွန့်ချိုးကာ နှုတ်ခမ်းတို့တင်းတင်းစေ့သွားတော့သည်။

ဒါကို စကားအဖြစ်မေးနေသေးတာလား......?

သူ တစ်ချက်စူးစိုက်ကြည့်ပေးလိုက်တော့ အဲ့ဒီကောင်ငယ်လေးဟာ တန့်သွားရာမှ လှုပ်လှုပ်ယွယွ ဖြစ်လာပြီး မျက်နှာလွှဲသွားကာ မြန်မြန်ဆန်ဆန်ပင် စကားလွှဲဆိုလာသည်။

" ထားလိုက်ပါတော့..ဒီတိုင်း..ဒီတိုင်းမေးကြည့်တာ "

ပြန်ပြီး နောက်တစ်ခါ ငြိမ်သက်သွားကာ အစားအစာကိုသာ လှုပ်စိလှုပ်စိစားနေပြီး တစ်ချက်တစ်ချက် သူ့ဘက်ကိုလဲ မျက်ထောင့်လေးကနေ မျက်စံလေးလှုပ်ပြီးကြည့်တတ်တဲ့ကောင်လေးကြောင့် ဆောင်းဟွန်းလဲ ငြိမ်နေလိုက်သည်။

ဒီကောင်လေးထပ်မေးလာရင်လဲ သူ့မှာဖြေစရာမရှိပေ။

ဆောင်းဟွန်း ခေါင်းကိုသာ ခါလိုက်သည်။ စတိခ်အမဲသားကို သေသေချာချာလှီးဖြတ်ရင်း ငြိမ်သက်စွာ စားနေကြတဲ့ သူနှစ်ယောက်ကြောင့် ထမင်းစားခန်းမှာ တဖန် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾Where stories live. Discover now