𝖾𝗂𝗀𝗁𝗍

1.9K 174 28
                                    


" ရား! ပတ်ဆောင်းဟွန်း "

ညဝတ်အင်္ကျီ အဖြူရောင်ကို ကြယ်သီးတက်နေရင်း ကုတင်သို့ ဖြေးဖြေးချင်းစီ လျှောက်သွားနေတဲ့ အယ်လ်ဖာ ဆောင်းဟွန်း နောက်ကို အိုမီဂါလေးသည်  တကောက်ကောက်‌လိုက်နေရင်းမှ အော်လိုက်သည်။

နာမည်ခေါ်ခံလိုက်ရသော အယ်လ်ဖာသည် တစ်ချက် အနောက်သို့ ခပ်စူးစူးလှည့်ကြည့်လိုက်သည့်အခါ ညဝတ်အင်္ကျီအပြာရောင်ထဲ မြုပ်နေတဲ့ အိုမီဂါလေးသည် စကားစဖို့ ပြင်ရာမှ တစ်ချက်တွန့်သွားပြီး ကိုယ်ငယ်လေး သည် အနောက်သို့ အနည်းငယ်ကျုံ့ဝင်သွားသည်။

အိုမီဂါလေး ပြောချင်နေသည့် အကြောင်းအရင်းကို သိတာကြောင့် ‌ဆောင်းဟွန်းသည် ဘာမှပြန်မပြောတော့ဘဲ ကုတင်ပေါ် သို့တက်လိုက်၏။

" ရား! မင်းအဲ့မှာ အိပ်ရင်ငါက ဘယ်မှာအိပ်ရမှာလဲ "

ကုတင်ခြေရင်းနားကနေ မျက်စောင်းထိုးကာ ခပ်စွာစွာပြောနေသော အိုမီဂါလေးကို တစ်ချက်ကြည့်လိုက်ပြီး သူ့၏ ဘေးကို ပုတ်ပြလိုက်သည့်အခါ မျက်နှာကလေးရဲသွား၏။

" မရ..မရဘူးလေ..ငါက အိုမီဂါကို..မင်း..ငါအိပ်နေတုံး ငါ့ကို..တစ်ခုခုလုပ်လိုက်ရင်..ဘယ်လိုလုပ်မလဲ .. "

ခပ်ရဲရဲမျက်နှာကလေးနဲ့ တထစ်ထစ်ပြောလာသော အိုမီဂါလေးဂျယ်ယွန်းကြောင့် ဆောင်းဟွန်းမျက်ခုံးတစ်ဖက်ပင့်သွားသည်။

သူက ရိုးရိုးတန်းတန်းအိပ်ဖို့ဘဲ‌ကြံနေတာပါ ။ အဲ့ဒီ အိုမီဂါလေးရဲ့ ခေါင်းသေးသေးလေးထဲမှာ တော့ လျှောက်တွေးနေပါရဲ့။

" ဘာလုပ်ရမှာလဲ ကိုယ်က..? "

ဆောင်းဟွန်းသည် ခပ်နောက်နောက်ပြောလိုက်ရင်း အိုမီဂါလေး၏ ခန္တာကိုယ်ကို စကန်ဖတ်သလို ခေါင်းထိပ်လေးမှ ခြေဖျားသို့ကြည့်လိုက်တဲ့အခါ အိုမီဂါလေးက ကြက်သိမ်းထသလို ကိုယ်ကို ပိုက်လိုက်ပြီး အဲ့ဒီသူကို မျက်စောင်းထိုးပစ်လိုက်သည်။

" ဘာတွေတွေးနေတာလဲ!! မင်း!.. "

အယ်လ်ဖာရဲ့ ပြီတည်တည်လုပ်လာတဲ့ မျက်နှာကြောင့် ဂျယ်ယွန်း ဆက်ပြောလို့မရမှန်းသိသွားပြီး သွားကိုအံကြိတ်ကာ စိတ်ကိုလျှော့လိုက်ရသည်။

MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾Where stories live. Discover now