𝗌𝖾𝗏𝖾𝗇

1.8K 170 47
                                    

ㅤㅤㅤㅤㅤㅤㅤㅤㅤㅤ
ㅤㅤㅤㅤㅤㅤㅤㅤㅤㅤ
ㅤㅤㅤㅤㅤㅤㅤㅤㅤㅤ
ㅤㅤㅤㅤㅤㅤㅤㅤㅤㅤ

အိုမီဂါလေးက သူ့ရဲ့စကားကြောင့် ‌ဆိုဖာပေါ်တွင် တွေတွေကြီးနေရစ်ခဲ့သည်။ သူ ထထွက်သွားကို တောင်မသိလိုက်။

ဆောင်းဟွန်းခေါင်းခါလိုက်ကာ လက်အောက်သားတွေအတွက် အခြားမှာစရာရှိတာတွေ မှာဖို့ကြားဖို့ နှင့် ပြင်ဆင်စရာအချို့ကို လုပ်ရအုံးမည်။

သို့သော် သူ အလုပ်ခန်းထဲ မဝင်ခင်မှာဘဲ သူ့၏အင်္ကျီဆွဲခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

နောက်လှည့်ကာ ကြည့်လိုက်တော့ လက်ကလေးနဲ့ သူ့အင်္ကျီ အစွန်းစ ကိုဆွဲထားတဲ့ ပြူးပြူးပြဲပြဲ အိုမီဂါလေးကို တွေ့လိုက်ရသည်။

" ဆောင်းဟွန်း..မင်းတစ်ကယ်ကြီး ပြောနေတာလား "

မျက်တောင်တစ်ချက် မခက်ဘဲ သူ့၏မျက်နှာကို ပျောက်သွားမှာဆိုးသည့်အလား ပြူးပြဲ ကြည့်နေတဲ့ အိုမီဂါလေးရဲ့ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို မနေနိုင်စွာ ဆွဲလိုက်မိရင်း ပြန်ပြောလိုက်သည်။

" ကိုယ်က နောက်နေတဲ့ပုံပေါက်နေလို့လား "

မျက်ခုံးပင့်ရင်း မေးလိုက်တဲ့သူ့ကို အိုမီဂါလေးက ဆူပုတ်ပုတ် ကြည့်သည်။

" နာတယ်....ပါရို့ တအားရွှဲ‌နေဒါရဲ "

ပါးဆွဲခံနေရတာကြောင့် စကားအချို့က မပီကလာ ပီကလာလေးဖြစ်နေပြီး ချစ်ဖို့ကောင်းလွန်းတဲ့ အိုမီဂါလေးကြောင့် ဆောင်းဟွန်း ရီလိုက်မိပြန်သည်။

ဂျယ်ယွန်းလေး ကတော့ လက်နှစ်ဖက်နှင့် ဆောင်းဟွန်း၏လက်ကို ဆွဲဖြုတ်ရင်း နီရဲသွားတဲ့ပါးကို ပွတ်နေသည်။

ရီနေတဲ့ဆောင်းဟွန်းကိုလဲ မျက်စောင်းထိုးရင်းနဲ့ပေါ့။

နဂါးမျက်စောင်းလေးကြောင့် ဆောင်းဟွန်း ရုတ်တစ်ရက်အရီတောသတ်လိုက်ကာ ချောင်းဟန့်လိုက်ပြီး စကားပြောလိုက်သည်။

" အဝတ်အစားသွားလဲတော့....... "

ပြောနေရင်း ဆောင်းဟွန်းက ရုတ်တစ်ရက် ရပ်သွားကာ တစ်ခုခုကို တွေးမိသွားသည်။

MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾Where stories live. Discover now