" အရူး ပတ်ခ်ဆောင်းဟွန်း "
" ပတ်ခ်ဆောင်းဟွန်း အရူး "ဂျယ်ယွန်းဟာ တစ်ကယ်တော့ညက ခေါင်းမူးဝေသွားပြီးနောက်ပိုင်း ကိစ္စတစ်ရပ်မှကိုလဲမမှတ်မိ။ နိုးနိုးချင်း ပတ်ဆောင်းဟွန်းကို မြင်လိုက်ရတဲ့အချိန် ပတ်ခ်ဆောင်းဟွန်းက အခွင့်ရေးယူပြီး သူနှင့်အိပ်ခဲ့သည်လို့ဘဲ တွေးနေကာ ဆူပုတ်ပုတ် ဒါပေမဲ့ ပတ်ဆောင်းဟွန်းအပေါ်တော့ အခွင့်ရေးယူတောင် အပြစ်တင်လိုစိတ်မရှိတော့တာကို ဂျယ်ယွန်း သူ့ကိုသူ သိသည်။
ခါးကတဆစ်ဆစ်ခံစားချက်ကြောင့် ပတ်ခ်ဆောင်းဟွန်းကို စိတ်ဆိုးချင်ရုံသက်သက်သာ။
" မဟုတ်မှ..ကိုယ်က အခွင့်ရေးယူလိုက်တယ်လို့တော့တွေးနေတာမဟုတ်ပါဘူးနော် "
သူ့အတွေးတွေကို သိနေသလို တထပ်ကျသောမေးခွန်းကို ရယ်သံသွေးလျက် မေးလာသော ပတ်ခ်ဆောင်းဟွန်း၏ မျက်နှာကို အိုမီဂါလေးသည် " အဲ့လိုမဟုတ်ရင် ဘာလဲ? " ဆိုသည့် မျက်လုံးဝိုင်းဝိုင်းလေးများနှင့်မော့ကြည့်၏။
ခါးကို ဆွဲဖက်ကာ ပိုတိုးလို့ သူ့၏ မျက်လုံးစူးစူးများသည် ဂျယ်ယွန်း၏ နှုတ်ခမ်းမှတဆင့် အနီကွက်များနှင့် လည်တိုင်များသို့ လျှောဆင်းရင်း ဆွဲဆောင်မှုရှိသော လေသံတိုးတိုးနှင့်ပြောသည်။
" ကိုယ်က အခွင့်ကောင်းယူလိုက်တာလဲ မမှားပါဘူး..ဒါပေမဲ့ မင်း ကိုယ့်ကို ဘယ်လို မြူစွယ်လဲ ဆိုတာကိုတော့ မေ့သွားပြီလား "
ငါ..ငါက မ..မြူစွယ်တယ်..!?
" အင့် "
တင်ပါးကိုညစ်လိုက်သော လက်တစ်ဖက်ကြောင့် ချက်ချင်းဆိုသလိုဘဲ အိုမီဂါလေး၏ မနက်ခင်းဖြူဥဥမျက်နှာလေးသည် ချက်ချင်းဆိုသလို ရဲဗလောင်းခက်သွားကာ ဆူပွတ်လာတဲ့ ရေနွေးအိုးလို နားမှ အငွေ့များတောင်ထုတ်လွှတ်နေသည်ဟုခံစားရလိုက်သည်။
" နှာဘူးကောင်! ဘယ်နေရာကိုလာကိုင်နေတာလဲ! "
အိုမီဂါ၏ ခြေထောက်သည် လျှင်မြန်သော လှုပ်ရှားမှုနှင့် ကန်မည်အလုပ် အထာနပ်သော အယ်လ်ဖာမှာ ပေါင်တံကနေဆွဲချုပ်လို့ အိုမီဂါလေးအား အုပ်မိုးလိုက်သည်။
YOU ARE READING
MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾
WerewolfPark Sunghoon x Sim Jaeyun "𝗍𝗌𝗄..𝗒𝗈𝗎 𝖼𝖺𝗇'𝗍 𝖾𝗌𝖼𝖺𝗉𝖾 𝖿𝗋𝗈𝗆 𝗆𝖾,𝗆𝗒 𝗅𝗈𝗏𝖾" 𝗌𝗍𝖺𝗋𝗍𝖾𝖽 : 4/6/22 𝖾𝗇𝖽𝖾𝖽 : 00/00/00