𝖿𝗂𝗏𝖾

2K 185 14
                                    


Blood, violence , rude words
Read it at your own risk 🤍

" အင့်..ပတ်..ဆောင်းဟွန်း..လက်..နာ.."

ဂျယ်ယွန်း၊သူ့လက်ကို ကြမ်းတမ်းပမ်းတမ်းဆွဲကာ စံအိမ်ကြီးထဲ မြန်ဆန်တဲ့ခြေလှမ်းကျဲကြီးတွေနဲ့ လှမ်းနေတဲ့ ပတ်ဆောင်းဟွန်းနောက် ယက်ကန်ယက်ကန် နှင့်ပါသွားရရှာသည်။

‌လှေကားတွေ ခလုတ်တိုက်မတက် တက်ပြီးရတဲ့နောက်မှာ ဦးတည်နေတဲ့အခန်းက ဆောင်းဟွန်း အခန်းဖြစ်တာကြောင့် ဂျယ်ယွန်း တွန့်ဆုတ်မိသွားပေမဲ့ ဆောင့်ကာဆွဲခေါ်တဲ့ ဆောင်းဟွန်းကြောင့် သူ့မှာ တရွတ်တိုက်မတက်ပါသွားရပြန်လေသည်။

လက်ကောက်ဝတ်သေးသေးလေးမှာလဲ နီရဲလို့။
ဆောင်းဟွန်းရဲ့ ရှည်ထွက်နေတဲ့လက်သည်းချွန်ချွန် တွေမှာလဲ လက်ကို ဟိုတစ်စ ဒီတစ်စထိုးမိတာကြောင့် သွေးတွေမှာလဲ အလက်ဂျစ်ထသလို အနီရောင် အစက်ပျောက်လေးတွေလိုပင်။

ဂျယ်ယွန်းလဲ မျက်ရည်ကျသည်အထိ တော်တော်ကြောက်နေပြီဖြစ်သည်။ ကားပေါ်မှာ ကတည်းကပင် ဆောင်းဟွန်းသည် သူကားမောင်းမယ်လို့ ပြောသည်ကို အတင်းသူဘဲမောင်းပါမယ် လုပ်နေတဲ့ ဒရိုက်ဘာကို ဟိုအယ်လ်ဖာ ဝံပုလွေကို ပစ်သတ်ခဲ့သော သေနတ်နဲ့ ဒိုင်းကနဲ ပစ်ခဲ့သည်မှာမတုန့်မဆိုင်း။ အဲ့ဒီအချိန်မှာတင် ဂျယ်ယွန်း ကြောက်လန့်ကာ မျက်ရည်ဝဲသွားခဲ့ရသည်။

နောက်.. သူ့ကိုကားပေါ်ပစ်ထည့်ကာ တမလွန်ကိုသွားရတော့မဲ့အတိုင်း မောင်းနေတဲ့ ပတ်ဆောင်းဟွန်းကြောင့် လေထဲမှာပင် ဂျယ်ယွန်းလေး၏ မျက်ရည်တို့တစ်စ တစ်စ လွှင့်ကုန်ပြီး ခါးပတ်ကို အမြန်ပတ်ပြီး အားကိုးတကြီး ဖက်တွယ်ထားမိတော့သည်။

သူ့အခြေအနေကို ပတ်ဆောင်းဟွန်းဟာ လှည့်လဲမကြည့်သလို သူ ရှိုက်သံ ထွက်သည်ကိုလဲ လှောင်ရယ်ခြင်းမပြုခဲ့။ အရှေ့မျက်နှာကိုသာ သူ့မျက်လုံးနီနီတွေကအာရုံစူးစိုက်နေသည်။ မျက်လုံးစောင်းတွေ က လတ်လတ်ဆတ်ဆတ်သွေးထားသော ဓားသွားလိုပင် ချွန်ထက် စူးရှနေသည်။

ပိုပြီး ပိုပြီး ကြီးမားလာတဲ့ နီရဲ‌တောက်‌နေ‌တဲ့ aura တွေကလဲ ခါးပတ်လေးကို လက်သီးစုပ်လေးတွေ ‌ဖြစ်အောင် တင်းတင်းကြပ်ကြပ် ကိုင်ထားကာ ဆောင်းဟွန်းကို ဘေးတစ်စောင်းကြည့်နေတဲ့ အိုမီဂါ ဝံပုလွေညိုလေးအတွက် သိမ်ငယ်စေဖို့ လုံလောက်တာထက်ပိုသည်။ ပိုပြီး ကြောက်ရွံ့စေလာသည်။

MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾Where stories live. Discover now