*တက်* *တက်*
တိတ်ဆိတ်နေတဲ့အခန်းထဲမှာ နာရီသံနှင့် လက်သည်းကိုက်သံတို့ကသာ နေရာယူထားသည်။
လက်သည်းတို့ကို ကွာကျမတက် တတိတိကိုက်နေတဲ့ ဂျယ်ယွန်းဟာ တစ်ခုခုကိုစဉ်းစားနေသလို။ မျက်စံလေးတို့ကလဲ ငြိမ်မနေပေ။
ဘယ်အရာကများ အိုမီဂါဝံပုလွေပေါက်လေး ဂျယ်ယွန်း ကို အတွေးများအောင်လုပ်နေသလဲ။
* * * * * * * * * * * * * *
FLASH BACK
လွန်ခဲ့တဲ့ နှစ်နာရီက -
အချိန်အားဖြင့် နေ့လည် 12 နာရီ။
မနေ့ကတည်းက ပတ်ဆောင်းဟွန်းနဲ့ ရန်ဖြစ်ပြီး ခဏကြာကတည်းက အိပ်ပျော်သွားပြီး အခုမှနိုးတာကြောင့် ဂျယ်ယွန်း ခန္တာကိုယ်တစ်ခုလုံး လေးလံနေသည်။
သူဘာလို့ ဒီတစ်လော အဲ့လောက်ထိ အိပ်နေမိမှန်းကို မသိတော့တာ။ ထူးစမ်းတယ်။ အခုမှ အိပ်ယာနိုးထားတာတောင် မျက်ခွံတွေလေးနေတယ်။
တဂွီတဂွီမြည်ကာ အချက်ပြနေတဲ့ ဗိုက်ကြောင့်သာမဟုတ်ရင် ညနေအထိ ဆက်အိပ်နေမိမလားမသိဘူး။
ဂျုံဆောင်းကို ဟိုနေ့ကစားတဲ့ထမင်းသုပ်လုပ်ခိုင်းရင် ကောင်းမလား -
...
အာ..တော်ပါပြီ။
တွေးရင်းနဲ့ ခေါင်းကို ဘယ်ညာ ဝေ့ကြည့်ရင်းကနေ ဘေးကုတင်က ဂျုံဆောင်းကိုမြင်သွားတာနဲ့ သူ့ရဲ့အတွေးကိုရုတ်သိမ်းပစ်လိုက်ရတော့သည်။
အိမ်တော်ထိန်းတွေကို ဘဲလုပ်ခိုင်းလိုက်ပါတော့မယ်။
ကုတင်ပေါ်ကနေ ခြေဆင်းချလိုက်တာနဲ့ လူက ပျော့ခွေချင်ချင်။ ခေါင်းသည်လဲ ကိုက်ခဲလို့။ သူကျန်းမာရေးတောင် ချို့ယွင်းလာပြီလားမသိဘူး။
ခေါင်းကိုလက်ဖနောင့်နဲ့ဖိကာ ဖြေးဖြေးချင်း အောက်ကိုဆင်းလာခဲ့သည်။ အိမ်တော်ထိန်းမင် ဘာဆိုလား။ အဲ့တစ်ယောက်ကို ရှာကြည့်ပေမဲ့သူလဲမရှိပေ။ ဒီနေ့ကြမှထူးထူးစမ်းစမ်း အိမ်တော်ထိန်းတွေတစ်ယောက်မှမတွေ့မိပါလား။ ဘယ်သွားကြတာပါလိမ့်။

YOU ARE READING
MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾
Hombres LoboPark Sunghoon x Sim Jaeyun "𝗍𝗌𝗄..𝗒𝗈𝗎 𝖼𝖺𝗇'𝗍 𝖾𝗌𝖼𝖺𝗉𝖾 𝖿𝗋𝗈𝗆 𝗆𝖾,𝗆𝗒 𝗅𝗈𝗏𝖾" 𝗌𝗍𝖺𝗋𝗍𝖾𝖽 : 4/6/22 𝖾𝗇𝖽𝖾𝖽 : 00/00/00