𝗍𝗐𝖾𝗅𝗏𝖾

1.4K 124 26
                                    

" ‌မာသန်! "

အော်အသံအဆုံးမှာသူက မာသန်ရဲ့ ပွေ့ဖက်ချင်းကို ခံလိုက်ရပြီး သူ့မျက်စိရှေ့မှာတင် လျင်မြန်တဲ့ ကျည်ဆံက ဖြတ်သွားခဲ့သည်။

မာသန်ရဲ့ တရုတ်နိုင်ငံသား‌လိုမျိုးချောမောတဲ့ မျက်နှာက အနည်းငယ်တွန့်သွားတာကို သူတွေ့လိုက်ရတယ်။

သူ့ရဲ့ခါးမှာဝိုက်ပတ်ထားတဲ့ မာသန်ရဲ့သန်သန်မာမာလက်မောင်းတွေနှင့် ရွေ့လျားချင်းခံလိုက်လေတယ်။

အခုတော့ သူတို့နှစ်ယောက်စလုံး ကျဉ်းကြပ်သေးငယ်တဲ့ချောင်တစ်နေရာမှာ နေရာယူနေကြရတယ်။

ဘယ်လောက်ကျဉ်းကြပ်လဲဆိုရင် မာသန်ရဲ့ အသက်ရှူခိုးငွေ့တွေက သူ့မျက်နှာကိုလာရိုက်ခက်တဲ့အထိဘဲ။

ပုံမှန်‌အချိန်တွေမှာတောင် လိုအပ်မှ စကားပြောတက်ကြတဲ့သူတို့ နှစ်ယောက်ရဲ့ အခြေအနေဟာ အခုလို လေးလေးနက်နက်ရှိတဲ့အချိန်မှာ သူ့အသက်ရှူသံတွေကိုယ်က သေသေချာချာရှင်းရှင်းလင်းလင်းကြားနေရတဲ့အထိတိတ်ဆိတ်နေမိတယ်။

မြေကြမ်းပေါ်ပြေးလွှားနေတဲ့ခြေသံတွေ ၊ ခဲလုံးတွေလိမ့်သွားတဲ့အသံ ၊ သေနတ်‌မောင်းတင်လိုက်တဲ့အသံ ၊ ဆူဆူညံညံနှင့် မာသန့်နာမည်ကိုအော်ဟစ်နေတဲ့အသံတွေကိုလဲကြားနေရပေမဲ့ အကြည့်တွေကို မာသန့်ရဲ့ မျက်နှာချောစီမှာ မခွာနိုင်အောင်ဘူး။

မှတ်မိရသလောက် မာသန်နဲ့ 5 ပေအကွာလောက်မှာဘဲ အနီးဆုံးနေခဲ့ဖူးသလိုဘဲ။ အဲ့ထက်ဝေးသွားဖူးပေမဲ့ တစ်ခါမှ လက်ဆန့်တန်းရင် တစ်ဖက်လူပုခုံးကို ထိ‌လောက်တဲ့အထိ မနီးခဲ့ဘူးဖူးထင်ပါတယ်။

သခင်ကြီးရဲ့သက်တော်စောင့်‌အနေနဲ့ရော လူယုံတော်အနေနဲ့ပါ လုပ်တယ်လို့ ဒေါက်တာအီသန့်အမျိုးသား မှ နာမည်နဲ့အတူတကွ ကြားခဲ့ဖူးတာ အတော်လေးကိုကြာပြီဆိုပေမဲ့ သူတို့‌စကားပြောဖူးတဲ့အကြိမ်အခါကတော့ အခေါက် သုံးဆယ်ထက်မပိုပြီး စာကြောင်း တစ်ရာထက်မကျော်တာသေချာပါတယ်။

မင်ဝူယောင်းက တစ်ခုခုဆို စေ့စပ်တဲ့သူမလို့ ဘာစကားပြောခဲ့တာကအစ မှတ်မိနေပါသေးတယ်။ သူများကိစ္စတွေ စိတ်ဝင်တစားမရှိတက်ပေမဲ့ မာသန်ကတော့ထူးခြားတယ်။ သူ့စိတ်နဲ့တူညီ‌တဲ့လူလို့ ခံစားရတာကြောင့် သူငယ်ချင်းများလုပ်လို့ရမလားဆိုတဲ့စိတ်နဲ့ မာသန့်အနားချည်းကပ် ကြည့်ခဲ့တယ်။

MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾Where stories live. Discover now