လက်မှ ရိုလက်စ်နာရီကို ချလောက်ချလောက်မြည်အောင် လှည့်လိုက်ရင်း ခေါင်းကို အပေါ်အနည်းငယ်မော့လျက် ဇက်ချိုးလိုက်၍ မျက်လုံးများကို မှိတ်စင်းထားသည့်သူက သွေးသံရဲရဲ အော်သံအပြည့်နဲ့ အခန်းထဲမှာ အညောင်းအညာဆန့်နေသလိုမျိုး။
ဖြည်းဖြည်းချင်းဖွင့်လိုက်သော မျက်လုံးထဲမှာ သွေးလွှမ်းနေတဲ့ အရိပ်အယောင်ဟာ ထင်ထင်ရှားရှား ထင်ဟပ်လာသည်။
" ဘိုးတော်က မင်းတို့အတွက် လုံခြုံမှုအာမခံလေးတောင် မပေးတာ သနားစရာဘဲ "
" ရာရာစစ ငါ့အပိုင်ကို ထိပါးရဲတယ် "
တင်းမာ၍ အေးစက်သော လေသံဟာ ကြားရသူတိုင်း ကြောချမ်းစရာကောင်းလောက်အောင်ပင်။
" ခေါင်းတွေလက်တွေဖြတ်ပြီး ဘိုးတော်ရဲ့ အိမ်ရှေ့ကြိုးနဲ့တွဲလောင်းချထားလိုက် "
" Yes,Boss! "
__________________________________
" လေဒီ...အပြင်ထွက်ဖို့က ဘယ်ဖက်လဲ? "
အမည်းရောင်မျက်မှန်နဲ့ တွဲဖက်ညီတဲ့ နီရဲနေတဲ့ နှုတ်ခမ်း ၊ ရင်ဘက်လောက်ထိချထားသော ဆံပင်ကောက်ကောက်များနဲ့အတူ ဆောင်းထားသော ကြီးမားလှတဲ့ဦးထုပ်ကားကားကြီးက ဒီအမျိုးသမီးဟာ အထက်တန်းစားဆိုတာ တစ်ချက်ကြည့်ရုံနဲ့သိစေတယ်။
အချိုးညီသော ကိုယ်လုံးကိုယ်ပေါက်နှင့် ထောက်ဖိနပ်နီရင့်ရင့် စီးနင်းထားသော သူ(မ)အတွက်လေယာဉ်ကွင်းသည် model လျှောက်ရမည့် rail way ဖြစ်တဲ့အတိုင်း။
လက်မှ လက်ကိုင်အိတ်ကြီးကိုပင် လွှင့်ထွက်သွားမည့်ဟုပင် ထင်ရအောင်လွဲရမ်းလို့ luggage အမည်းကြီးကိုပင်ဆွဲကာ လှည့်ကြီးသူတိုင်းကိုပင် ပြုံးပြလိုက်သေး၏။
အပြင်ထွက်သည်နှင့် သူ(မ)သည် ရပ်တန့်လို့ မျက်မှန်ကိုချွတ်ကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
ထိုအခါ သူ့၏ ကြီးမားသော မျက်လုံးလှလှလေးက ပေါ်လာ၍ နှာတံပေါ်မှ မဲ့နက်အပျောက်လေးသည် ထင်းကနဲ။
" ဟိုင်း မစ်စတာ ကိုရီးယား "
ထို့နောက် အမျိုးသမီးသည် ဘေးဘီသို့တစ်ချက် ဝေ့ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/311994504-288-k169467.jpg)
YOU ARE READING
MY OMEGA WOLF | 𝗌𝗎𝗇𝗀𝗃𝖺𝗄𝖾
WerewolfPark Sunghoon x Sim Jaeyun "𝗍𝗌𝗄..𝗒𝗈𝗎 𝖼𝖺𝗇'𝗍 𝖾𝗌𝖼𝖺𝗉𝖾 𝖿𝗋𝗈𝗆 𝗆𝖾,𝗆𝗒 𝗅𝗈𝗏𝖾" 𝗌𝗍𝖺𝗋𝗍𝖾𝖽 : 4/6/22 𝖾𝗇𝖽𝖾𝖽 : 00/00/00