Arc-1-4

658 65 1
                                        

""ဆေးလိမ်းပြီးပြီဆိုလဲ သွားတော့ ငါအိပ်တော့မလို့""

လုစစ်ရန် ကြည်နူးလို့မဆုံးခင်မှာပဲ လုယွင်ကောရဲ့အေးစက်စက်အသံက ပြန်ထွက်လာလေသည်။သို့ပေမယ့် လုစစ်ရန်ရှားရှားပါးပါးဒေါသမထွက်မိပေ။အခန်းထဲက ပြန်ထွက်သွားတဲ့လုစစ်ရန်ကြောင့် ရှောင်းကျန့်လှဲနေရာက ခေါင်းထောင်ကြည့်လေသည်။'ဒီလိုပဲ ပြီးသွားတာလား'

""ဒီကမ္ဘာက လွယ်မယ့်ပုံပဲ"""

ရှောင်းကျန့် သူ့ကိုယ်သူပြောလိုက်ချိန်မှာပဲ spaceထဲကသူက အထက်စီးဆန်ကာ ဂျစ်ကန်ကန်လေသံဖြင့် နှာတစ်ချက်မှုတ်ကာပြောလာလေသည်။

""ငါနဲ့ဆိုရင် ပိုတောင်လွယ်ဦးမှာ"""

""ဆွန်းဝူ""

""ဘာလဲ""

""မင်းရဲ့ လေပေါ်ရောက်နေတဲ့စကားလုံးတွေကို အောက်ပြန်ဆွဲချပေးပါလား ကြားရတာအဆင်မပြေလို့""

""ဘာလဲမယုံလို့လား ဒီsystemကြီးတစ်ခုလုံးကိုငါ့စိတ်တိုင်းကျသွန်ချင်သွန် မှောက်ချင်မှောက်လုပ်လို့ရတယ် အဲ့လိုလုပ်ဖို့စိတ်မပါလို့သာ""

ဆွန်းဝူ အမှားတစ်ဝက်အမှန်တဝက်ပြောလိုက်ပေမယ့် ရှောင်းကျန့်တစ်ယောက်ကတော့အံ့သြသွားတယ်။

""ဒါဆို ရာထူးတိုးဖို့ကောလွယ်လား""

""missionတွေကိုအောင်မြင်အောင်လုပ်သ၍ သေချာတာပေါ့"""

""နားလည်ပြီ""

""ဒါဆိုငါ ဆက်သွယ်မှုဖြတ်လိုက်တော့မယ် ငါ့အဖေခေါ်နေပြီ"""

systemမှာအဖေရှိလို့လားဟ။နောက်ပြီး systemရဲ့အဖေဆိုတော့ တော်တော်အသက်ကြီးနေပြီထင်တယ်။ထိုအတွေးကို ရှောင်းကျန့်တွေးမိပေမယ့်ထုတ်မမေးမိလိုက်ပါ။တဖက်မှာတော့ အီဂျစ်နန်းတော်ကြီးဆီ အချစ်ကလေးနဲ့ခရီးထွက်နေတဲ့ဟန်ဆိုးဂျွန်မှာတော့ နှာတချက်ချေလိုက်လေသည်။

ထိုအချိန်မှစ၍ လုယွင်ကောနဲ့လုစစ်ရန်တို့ရဲ့ဆက်ဆံရေးကအရမ်းပြေလည်လာသည်။လုယွင်ကောကလဲ အရင်ကနဲ့မတူ သူ့စကားဆို အရမ်းနာခံတာကြောင့် လုစစ်ရန်ကျေနပ်မိသလို တဖြေးဖြေးနဲ့ဒီလိုပုံစံဆက်ဆံရေးကို သူမတင်းတိမ်နိုင်တော့ပေ။သူနဲ့လုယွင်ကောတို့ကြားကဆက်ဆံရေးက အက်ကွဲကြောင်းကြီးနဲ့မှန်း လုစစ်ရန်သိသည်။လုယွင်ကောက သူ့အပေါ်ကိုနာခံပေမယ့်ဒါကလဲ ကျိုးမင်ချန်းကြောင့်သာ။

Please love me more!Where stories live. Discover now