""ကိုယ်တော်သာဘုရင်ဖြစ်လာခဲ့ရင် မင်းလေးက ကိုယ်တော့်ရဲ့ဧကရီဖြစ်လာလိမ့်မယ်""
ယန်ဝမ်က သူ့ရှေ့ကရှက်နေတဲ့အလှလေးကိုကြည့်ပြီးပြောလိုက်တယ်။ထို့နောက်သူ့ရဲ့ရင်ဖက်ပေါ်ကိုတင်လာတဲ့ခြေဖဝါးလေးကို ငုံ့ကြည့်ကာနမ်းလိုက်တယ်။
""စကားနဲ့သက်သေမပြဘဲ အလုပ်နဲ့သက်သေပြလေ""
ဝမ်ရိ ထိုစကားကိုပြောပြီးတာနဲ့ ထိုသူက ဝမ်ရိကိုခုန်အုပ်လိုက်တော့တယ်။
တခနအကြာမှာတော့ ဘာမှမဖြစ်သလိုထလာတဲ့ဝမ်ရိက ကုလားကာချထားတဲ့အိပ်ယာပေါ်က သူဖန်တီးထားတဲ့အရုပ်ကိုထိုးသွင်းနေတဲ့ အိမ်ရှေ့စံယန်ဝမ်ကို ရွံရှာဖွယ်ကြည့်လိုက်တယ်။ဇာတ်ကောင်စရိုက် ဇာတ်ကောင်စရိုက် အဲ့ဇာတ်ကောင်စရိုက်ကြီးပဲ အရမ်းရွံဖို့ကောင်းတယ် အရင်ဝမ်ရိကသာဆေးပညာကျွမ်းကျင်နေတာကြောင့်သာမဟုတ်ရင် ဒီလိုဆေးသုံးပြီး လှည့်စားလို့ရမှာမဟုတ်ဘူး။သူသုံးလိုက်တဲ့ဆေးက ဘိန်းလိုပဲ။စိတ်ကိုတွေဝေစေတယ်၊အမှားကိုအမှန်မြင်စေတယ် ကြာကြာသုံးရင်နှလုံးကိုထိခိုက်လာမယ်။နောက်ပြီး ရောဂါရှာမရပဲသေမယ်။အဆိပ်မဟုတ်တော့ ဒီခေတ်ကလူတွေရှာတွေ့မှာမဟုတ်ဘူး။2နှစ်ဆိုတဲ့အချိန်က သူထီးနန်းပြန်ယူဖို့လုံလောက်ပါတယ်။အဲ့အချိန်အထိ သူယန်ဝမ့်ကိုလိုအပ်သေးတယ်။
ဝမ်ရိပေါ်က ကုတင်ပေါ်ကလူဆီကနေအကြည့်လွှဲလိုက်တယ်။ထို့နောက် ကုတင်နားက စားပွဲခုံဘေးမှာထိုင်ကာ တွေ့ရာဆေးစာအုပ်တစ်အုပ်ကိုယူကာ ဖတ်နေခဲ့လိုက်တော့တယ်။အိမ်တော်အပြင်ကလူတွေကလဲ ရှက်ရွံ့ဖွယ်အသံတွေကြောင့် အိမ်ရှေ့စံတော့ ကြင်ယာတော်နဲ့သာယာနေပြီထင်ကာ ပျော်ရွှင်မိသလိုတဆတ်တည်းမှာပဲ ထိုအသံတွေကြောင့်ရှက်ရွံ့နေကြလေတယ်။
""မိဖုရားအနောက်ဆောင်မှာ ကိုယ်လုပ်တော်တွေရန်ဖြစ်နေကြပါတယ်""
အလောတကြီးဝင်လာတဲ့အစေခံတစ်ယောက်ရဲ့ စကားကြောင့် ရှောင်းကျန့်ခေါင်းကိုက်သွားတယ်။သူ့ကို အေးဆေးလေးတစ်ရက်လောက်ပေးနားကြပါဦး။မိဖုရားရှောင်းကျန့်ကတော့ ဘယ်လိုနေလဲမသိပေမယ့် သူကတော့ခေါင်းကိုက်နေခဲ့ပြီ။မိဖုရား ကျွန်တော်မျိုးမရဲ့ခွေးမလေးပျောက်သွားလို့၊ကိုယ်လုပ်တော်ဘယ်သူက ကျွန်မရဲ့လက်ဝတ်ရတနာကိုခိုးသွားလို့၊အစေခံမတစ်ယောက်က ကိုယ်ရံတော်တစ်ယောက်နဲ့ကြိုက်နေလို့ စိတ်မဆိုးအောင် မင်းကြီးကိုကူပြောပေးဆိုတာကတစ်ဖုံ။သူ့မှာ သူများသောက်ကြောင်းကိုယ့်သောက်ကြောင်းလုပ်ပြီး မင်းကြီးဆီကိုတစ်နေ့နှစ်ခါလောက်ရောက်တယ်။
YOU ARE READING
Please love me more!
FanfictionYizhan system fiction အသုံးအနှုန်းရိုင်းများပါဝင်ပါသည် idol imageထိခိုက်လိုစိတ်မရှိပါ