3

360 31 0
                                    

""စိုးရွံ့မိပေမယ့်""

ကျောက်စီ  နဖူးပေါ်ကချွေးတွေကိုသုတ်လိုက်ပြီးတိုးညှင်းစွာပြောလိုက်တယ်။သူသမားတော်ဖြစ်လာတဲ့ကာလတစ်လျှောက် ဒီတစ်ခါတော့ကံတရားကရက်စက်ပြီထင်ပါသည်။သူ့စကားမဆုံးခင်မှာပဲ မင်းကြီးလက်ထဲကလက်ဖက်ရည်ခွက်က သူ့နှဖူးဆီပျံလွင့်လာတယ်။နှဖူးမှာသွေးထွက်သွားပေမယ့် နန်းတွင်းသမားတော်အိုကြီးဖြစ်တဲ့ ကျောက်စီတစ်ယောက် အသံမထွက်ရဲဘဲတုန်ရီစွာဒူးထောက်လိုက်ရတယ်။

""ကျန်းရဲ့ရောဂါကို မကုသနိုင်ရင် မောင်မင်းတို့တစ်မျိုးလုံး ယမမင်းကိုအဖော်ပြုပေးဖို့ပြင်ထားလိုက်"""

ယန်လော့ဝမ်ရဲ့အေးစက်စက်အသံကိုကြားတဲ့အခါ ကျောက်စီအလျင်အမြန်ခေါင်းငြိမ့်လိုက်ရတယ်။ကျောက်စီထွက်သွားတာနဲ့ယန်လော့ဝမ်တစ်ယောက် ဘောင်းဘီထဲကပျော့ခွေနေတဲ့ သူ့ရဲ့ဂုဏ်ရည်ကိုထုတ်ယူကြည့်လိုက်တယ်။လက်နဲ့တစ်ချက်၊နှစ်ချက်ပွတ်ဆွဲလိုက်တာတောင် မာလာမည့်ဟန်မပြ။အိပ်ဆောင်မဝင်တာကြာပြီမို့ မနေ့က ကိုယ်လုပ်တော်ရန်နဲ့အိပ်ဆောင်ဝင်တော့မှထိုပြသာနာကိုသိခဲ့ရခြင်း။အဲ့တုန်းက သူ့အောက်ပိုင်းကိုကြည့်ပြီး စိတ်ပျက်သွားတဲ့ကိုယ်လုပ်တော်ရန်ရဲ့အကြည့်ကိုမှတ်မိသေးတယ်။ယောကျာ်းတစ်ယောက်ရဲ့သိက္ခာကျလိုက်လေခြင်း

သူ့ရောဂါက အမြန်ပျောက်ဖို့လိုအပ်တယ်။မဟုတ်လို့ကတော့ ဘိုးဘေးတွေကို သူမျက်နှာပြနိုင်မှာမဟုတ်။မွှန်ထူနေတဲ့ဆေးရနံ့တွေနဲ့ ဆေးတွေကိုတွေးမိတော့ ယန်လော့ဝမ်ကမျက်မှောင်ကြုတ်မိသွားတယ်။ထိုဆေးရနံ့တွေနဲ့သာဆို ဝမ်ရိရဲ့ရှေ့မှာ သူကအဘိုးအိုကြီးလိုဖြစ်နေမှမဟုတ်လား။ဒါပေမယ့်ဝမ်ရိရဲ့မျက်နှာလေးကိုမြင်ယောင်မိတော့ သူအားတတ်သွားတယ်။ဝမ်ရိသာ သူ့အနားရောက်လာရင် သူလဲရောဂါပျောက်တာကြာလောက်ပြီ။အဲ့ကျရင် အားကြိုးမာန်တတ်ကြိုးစားပြလိုက်မယ်။ အချိန်ခနတော့ သည်းခံလိုက်ပါဦးမည်။

ဘာလိုလိုနဲ့တစ်လဆိုတဲ့အချိန်က ကုန်လွန်သွားတယ်။နန်းတွင်းမှာ လေထုကတင်းမာနေသလို ယန်လော့ဝမ်ကလဲအနောက်ဆောင်မှာလှည့်လည်တဲ့အကြိမ်အရေအတွက်က များလာတာကြောင့်အနောက်ဆောင်ရဲ့ပြိုင်ဆိုင်မှုကလဲပြင်းထန်လာတယ်။အများဆုံးကတော့ ရှောင်းကျန့်ဆီကိုပေါ့။သူ့ခန္ဓာကိုယ်ကိုထိတာနဲ့ နောင်တရအောင်လုပ်ဖို့စဥ်းစားထားတဲ့ရှောင်းကျန့်တောင် သူ့နဲ့စကားနည်းနည်းပြောပြီး ကလေးနဲ့ဆော့နေတဲ့သူကြောင့် အံ့တောင်အံ့သြတယ်။အင်းပေါ့ အဲ့လူကဝမ်ရိကိုကြိုက်နေတဲ့ဟာ တစ်ခြားသူခန္ဓာကိုယ်ကိုထိချင်မလား။ဒါကိုတွေးမိတော့ ရှောင်းကျန့်ကစိတ်မပူတော့ဘူး။ဒါပေမယ့်လဲ တဖြည်းဖြည်းနဲ့လော့ဝမ်အနားရောက်လေလေ  ဆေးရနံ့မျိုးစုံကိုခံစားမိတော့မှစုံစမ်းလိုက်တော့ ယန်လော့ဝမ်ရဲ့ရောဂါကိုသိလိုက်ရတယ်။အဲ့တော့မှ ရှောင်းကျန့်သူ့ရဲ့သတိကိုလျော့လိုက်တော့တယ်။

Please love me more!Where stories live. Discover now