ရှောင်းကျန့် လုစစ်ရန်၏အကျင့်ပုတ်မှုကြောင့်တအိမ်လုံး၏သန့်ရှင်းကိုတာဝန်ယူနေရသည်။မီးဖိုချောင်ထဲ ဟင်းချက်နေတုန်းလက်ကိုဓားရှတာလဲခနခန။ရှောင်းကျန့်ကဟင်းချက်တော်ပေမယ့် လုယွင်ကောကလူပေါ့ကျော့လေ။သူသာ ဟင်းချက်တတ်နေရင် ထူးဆန်းနေမည်သာ
""အိုး အကြီးဆုံးသခင်လေးပဲ အခုတော့ပျော်တော်ဆက်ကလေးလို့ခေါ်ရတော့မှာပေါ့လေ ခိခိ""
""ဘာလိုချင်လို့လဲ""
ကြက်သွန်နီလှီးနေရင်းနဲ့ မျက်လုံးမွှန်ကာမျက်ရည်ကျချင်လာသည့်ကြားထဲ ကျက်သတုံးမ တစ်ကောင်က မီးဖိုချောင်ထဲရောက်လို့လာသည်လေ။ရှောင်းကျန့်ဒေါသမထွက်ဘဲနေပါ့မလား။သူဘုဆောက်ဆောက်နဲ့မေးလိုက်တော့ မျက်မှောင်ကြုတ်သွားတဲ့ဇာတ်လိုက်မ။
""ဘာမှမလိုဘူးဆိုဖယ် မီးဖိုချောင်ထဲကို အပုပ်နံ့တွေသယ်မလာနဲ့""သူ့ကိုပြန်ပြောလာတဲ့သူကြောင့် ရင်းလျှိုမေ့ ဒေါသထွက်သွားသည်။အရင်လိုမဟုတ်တော့တာတောင် ဒီသောက်ကောင်ကသူမကိုဆို အထက်ဆီးကပဲဆက်ဆံသည်။ဒါပေမယ့် အကြံအစည်တစ်ခုကသူမမျက်လုံးထဲမှာဖြတ်ပြေးသွားသည်။
"""ဘယ်သူကမလိုဘူးပြောလဲ တို့ကော်ဖီသောက်ချင်လို့..."""
""ကောင်းပြီ ခနစောင့်""ခင်မို့မို့အေးလုပ်မယ့်သူက ပေါ်လာတော့လဲ ငါကပန်းနုသွေးပေးရတာပေါ့။ရင်းလျှိုမေ့ကတော့ ရှောင်းကျန့်တွေးနေတာကိုမသိဘဲ သဘောကျစွာပြုံးလိုက်ပြီးဧည့်ခန်းဘက်ကိုသွားတော့သည်။
""ဒီလောက်ပူနေတဲ့ကော်ဖီကို လာပေးရလား ဘယ်နားမှာမှသောက်သုံးမကျဘူး""
စစခြင်းဆောက်နဲ့ထွင်းဆိုသလို လုစစ်ရန်အိမ်ထဲဝင်ဝင်ခြင်း ထိုစကားကိုကြားလိုက်ရလေသည်။တဆက်တည်းမှာပဲ ဖန်ခွက်ကျကွဲသံကိုပါ တခါတည်းကြားလိုက်ရလေသည်။လုစစ်ရန်ရောက်သွားတော့အရင်ဆုံးမြင်လိုက်ရသည်က အင်္ကျီရင်ဖက်တွင်ကော်ဖီများရွဲနစ်နေသော ရှောင်းကျန့်နဲ့ဆိုဖာပေါ်တွင် စတိုင်ကျကျထိုင်နေသော ရင်းလျှို့မေ့ကိုဖြစ်သည်။
""လျှို့လျှို့ ဘာဖြစ်တာလဲ""
""ဒီကောင်ပေါ့ လျှို့သောက်မယ့်ကော်ဖီကို အပူကြီးလာပေးတယ်လေ အဲ့တာနောက်မဖြစ်အောင်ဆုံးမလိုက်တာ""

YOU ARE READING
Please love me more!
Fiksi PenggemarYizhan system fiction အသုံးအနှုန်းရိုင်းများပါဝင်ပါသည် idol imageထိခိုက်လိုစိတ်မရှိပါ