4

326 30 0
                                    

""မားမား""

""မားမား""

ရုတ်တရက် သူ့အကျီလက်ကို လက်သေးသေးလေးနဲ့ အသာဆွဲခံလိုက်ရတော့ ရှောင်းကျန့်အတွေးလွန်နေရာကအသိဝင်လာတယ်။

""အမ် ဘာလဲယွီယွီ""

""မားမား သားရဲ့မျိုးရိုးက ဘာလို့ယန်ဖြစ်နေတာလဲဟင် မားမားကရှောင်း ပါးပါးကဝမ်ဆို""

""အမ် သားဘယ်လိုသိတာလဲ""

""သားရဲ့အဆောင်ကအစေခံမိန်းကလေးတွေပြောတာကြားခဲ့တာ သားနဲ့ပါးပါးကမျိုးရိုးမတူလို့သားကပါးပါးနဲ့ဘာမှမတော်ဘူးတဲ့""

ယန်ယွီဟန်ကဒီနှစ်ထဲဆို သုံးနှစ်ပြည့်တော့မှာဆိုတော့တချို့အရာတွေကိုနားလည်နေပြီ။ဝမ်ရိအာဏာသိမ်းတုန်းက ယွီဟန်ကနှစ်နှစ်ကျော်ပဲရှိသေးတော့ သူ့အဖေဘယ်သူဆိုတာကိုမမှတ်မိတော့ သူ့ကိုဂရုစိုက်နေတဲ့ ဝမ်ရိကိုပဲအဖေထင်နေခဲ့တာ

""မျိုးရိုးမတူရင် သားအဖမဟုတ်ဘူးလို့ဘယ်သူကပြောလို့တုန်း သားနဲ့မားမားတောင်မျိုးရိုးတူလို့လား""

""ဟုတ်သားနော် ဒါပေမယ့်ပါးပါးကကောတဲ့""

ကျစ် တစ်ခါတလေကျရင် ဒီကလေးဉာဏ်ကောင်းလွန်းတာကိုပဲအပြစ်တင်ရမလားပဲ။သူ့အပြစ်ပဲရှိပါစေတော့ ကလေးဉာဏ်ကောင်းလွန်းတာကလဲဒီအမေကိုယ်တိုင်က ဉာဏ်ကောင်းလွန်းတာကိုး

""ကောက ဘာလဲသားသိလို့လား""

ရှောင်းကျန့်ရဲ့အမေးမှာ ယွီဟန်ကခနကြောင်သွားပြီး မျက်နှာရဲရဲလေးနဲ့တိုးတိုးပြန်ဖြေတယ်။

""ကျဲကျဲပြောတာကကောဆိုတာက သားကိုညီမလေးတွေမွေးပေးမှာတဲ့""

ယွီဟန်ရဲ့ ကျဲကျဲဆိုတာက စုမေကိုပြောတာဖြစ်တယ်။ဝမ်ရိ အာဏာသိမ်းတုန်းက သူ့တောင်းဆိုမှုကြောင့်အစေခံစုမေကိုမသတ်ခဲ့ဘဲ ယွီဟန်ကိုစောင့်ရှောက်စေခဲ့တာလေ။ယွီယွီရဲ့စကားအဆုံးမှာ ရှောင်းကျန့်ကရယ်လိုက်မိတယ်။စုမေ ဒီကောင်မလေးကတော့  ကလေးကို ဘာတွေသင်ပေးလဲမသိ

ရှောင်းကျန့် ယွီယွီကိုအသာလက်ပြလိုက်ပြီး နားနားကပ်ကာ တိုးတိုးတိုးတိုးပြောလိုက်တယ်။ထိုအချိန် ပုလ္လင်ပေါ်မှာထိုင်နေတဲ့ ဝမ်ရိခမျာ မြှီးညှောင်ရိုးကနေကျောအထိစမ့်အေးသွားတော့တယ်။

Please love me more!Where stories live. Discover now