ရှောင်းကျန့်နိုးလာတော့ ကုတင်ဘေးမှာစားပွဲခုံချပြီးအလုပ်လုပ်နေတဲ့လုစစ်ရန်ကိုတွေ့လိုက်ရတယ်။သူနိုးလာတာကိုတွေ့တော့ လုစစ်ရန်ကမော့ကြည့်လာပြီး ဘာမှမပြော။ဒီလူရဲ့ပုံစံက ဝမ်ရိပေါ်ရဲ့ပုံစံနဲ့တစ်ထပ်တည်းပဲ။သူ့ရဲ့ပုံစံအရ သူ့ကို စိတ်ဆိုးနေတယ်ဆိုတာသိသာတယ်။ဝမ်ရိပေါ်စိတ်ဆိုးနေရင် သူ့ကိုစကားမပြောဘဲ အလုပ်ဖိလုပ်တတ်တယ်။ဒါပေမယ့် ဝမ်ရိပေါ်ကအချော့ကြိုက်တယ်ဆိုတာ သူသိသေးတယ်။
ရှောင်းကျန့် အိပ်ယာထလိုက်ပြီးဝမ်ရိပေါ်ဆီကိုသွားလိုက်တယ်။တဖက်ကလူက သူလုပ်သမျှကိုမျက်တောင်မခတ်ကြည့်နေတယ်။ဝမ်ရိပေါ်က ရှောင်းကျန့်ကိုသန့်ရှင်းရေးလုပ်ပေးထားတာကလွဲရင် ဘာမှဝတ်မပေးထားဘူး။ရှောင်းကျန့်ကိုယ်တိုင်ကလဲ ညဘက်အိပ်ရင်ဘာမှဝတ်မအိပ်တတ်ဘူးဆိုတာ သူသိတယ်။
သွယ်လျတဲ့ခြေတံလေးနဲ့ သူ့ဆီလှမ်းလျှောက်လာတဲ့သူကိုကြည့်ပြီး အာခေါင်ခြောက်လာတာကြောင့် ဝမ်ရိပေါ်သူ့လည်ပင်းကနက်ကတိုင်ကို လက်နဲ့ဆွဲလျော့လိုက်တယ်။ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ပေါင်ပေါ်မှာဝင်ထိုင်ဖို့ပြင်လိုက်တော့ ဝမ်ရိပေါ်ကသူ့ပုံစံကို ရှောင်းကျန့်ထိုင်လို့ကောင်းအောင် မသိမသာပြုပြင်ပေးလိုက်တယ်။ထို့နောက် ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ပေါင်ပေါ်မှာ ဝင်ထိုင်လိုက်ပြီးသူ့မျက်လုံးရှေ့က ကွန်ပျူတာကိုငေးကြည့်နေလိုက်တယ်။
""ဘာလဲ အချက်အလက်တွေကိုခိုးပြီးသူများပေးမလို့လား""
ဝမ်ရိပေါ်က သူမြင်နေရတဲ့ရှောင်းကျန့်ရဲ့ဂုတ်ပိုးသားလေးကိုငေးကြည့်ရင်း မေးလိုက်တယ်။သူ့စကားကိုကြားတော့ ရှောင်းကျန့်က သူ့ကိုလှည့်ကြည့်လာပြီး မျက်စောင်းထိုးလိုက်တယ်။သူခိုးယူနေတာတွေကို သူဘာလို့သိနေလဲဆိုတာကို ရှောင်းကျန့်ကမမေးတဲ့အတွက်ကြောင့် ဝမ်ရိပေါ်ကသိပ်တော့အလိုမကျချင်ဘူး။ရှောင်းကျန့်က သူ့ကိုငေးကြည့်နေရာကပြန်လှည့်သွားပြီး ပြောလာတယ်။
""ဘာတွေလာပြောနေတာလဲ ပေါ်တင်ယူနေတာကိုမမြင်ဘူးလား""
""အိုး...ဒါဆိုယူလေ""အလွန်ဆုံးရှိမှ သူနောက်ကုမ္ပဏီတစ်ခုပြန်ထောင်ရုံပေါ့
YOU ARE READING
Please love me more!
Hayran KurguYizhan system fiction အသုံးအနှုန်းရိုင်းများပါဝင်ပါသည် idol imageထိခိုက်လိုစိတ်မရှိပါ