Arc-1-7end

669 53 6
                                    

သူတို့ရဲ့ အေးချမ်းနေတဲ့အချိန်လေးက တစ်လထက်ပိုမခံခဲ့ဘူး။အစောင့်အရှောက်တွေရှိတဲ့ကြားက ရှောင်းကျန့်ပျောက်သွားတယ်။ဒီတစ်ခါမှာတော့ ရှောင်းကျန့်က စိတ်လိုလက်ရအိမ်ကထွက်ပြေးတာမဟုတ်ပဲ တစ်စုံတစ်ယောက်ကဖမ်းဆီးသွားတာပဲဖြစ်တယ်။

ရှောင်းကျန့် သတိရလာတော့သူက အဆောင်ပျက်တစ်ခုထဲရောက်ရှိနေခဲ့တယ်။သူက ကြိုးတုပ်ခံရတာတွေနဲ့တော်တော် အကျိုးပေးတာလို့တောင်တွေးမိတယ်။ဆွန်းဝူဆီကအကူအညီမယူဘဲနဲ့တောင် သူလွတ်အောင်လုပ်လို့ရပေမယ့် သူကိုယ်တိုင်ဇာတ်ကွက်ဖြည့်ဖို့အတွက် ပြန်ပေးဆွဲတဲ့သူတွေနောက်လိုက်လာခဲ့တာလေ။သူ့ကိုပြန်ပေးဆွဲသမားတွေက မေ့ဆေးနဲ့မြောနေတယ်ထင်ပြီးအဆောင်ပျက်ထဲမှာထားခဲ့တယ်။

သူ့လက်တွေကိုတုပ်ထားတဲ့ကြိုးကိုနည်းနည်းလျော့အောင်လုပ်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုထုတ်ကာ ဗီလိန်ဆီစာပို့လိုက်တယ်။သူ့မျက်လုံးက သူ့လည်ပင်းမှာရှိတဲ့တလက်လက်တောက်ပနေတဲ့အရိုးဆွဲကြိုးဆီကိုရောက်သွားတော့ ပြုံးလိုက်မိတယ်။သူ့ကို ဝမ်ရိပေါ်ပေးထားတာဖြစ်ပြီး အဲ့အထဲကစိန်တွေရဲ့တစ်ခုမှာ ခြေရာခံစက်ပါတယ်ဆိုတာ သူသိတယ်။

ဗီလိန်ဆီကို မက်ဆေ့ပို့ပြီးနောက်မှာ လက်ကိုကြိုးထဲပြန်ထည့်လိုက်တယ်။အနီးကပ်သာ လာမကြည့်သ၍ သူ့ကြိုးပြေနေတယ်ဆိုတာသိမှာမဟုတ်ဘူး။ဇာတ်လမ်းအပြင်အဆင် အရာအားလုံးပြီးသွားတော့ အဓိကဇာတ်ဆောင်မင်းသားတွေကို စောင့်ဖို့ပဲကျန်တော့တယ်။

တစ်ခုပဲသူအံ့သြတာက ဇာတ်လိုက်မကအေးဆေးနေရင်ရပါရဲ့သားနဲ့ သူ့လိုဇာတ်အရန်လေးကိုမှ သတ်ပစ်ချင်ရအောင်မုန်းတီးနေရတာလဲဆိုတာပဲ။ဒါကကိုယ့်သေတွင်း ကိုယ်ခုန်ဆင်းတာပဲမဟုတ်လား။ဒါပေမယ့်လဲ တဖက်လူကဇာတ်လိုက်မဆိုတာကို သတိရသွားတော့ တကယ်လို့ဒီကိစ္စက သူမလုပ်တာမှန်းသိသွားရင်တော့ ဇာတ်လိုက်နဲ့ဗီလိန်ကသူမနည်းနည်းငိုပြလိုက်တာနဲ့ခွင့်လွှတ်ကြမှာ။နောက်ဆုံးတော့ သူ့လိုအရန်ဇာတ်ကောင်လေးရဲ့အသက်က ဖန်ဆင်းရှင်ရဲ့လက်ထဲမှာ ဒီအတိုင်းစာကြောင်းအပိုလေးတစ်ခုသာသာပဲလေ။ဘယ်လိုလေးသေသွားတယ် ပြီးပြီဒါပဲ အကျင့်ယုတ်ပြီးထည့်မရေးရင်တောင် သူ့မှာအထွန့်တတ်ခွင့်မှမရှိပဲ။သူအရမ်းပင်ပန်းတာပဲ

Please love me more!Where stories live. Discover now