""လုစစ်ရန် ငါ့ကိုရှာနေပြီလား"""
""...သူအခုတလောကုမ္ပဏီမှာပဲ"""
ကြားလိုက်ရတဲ့စကားကြောင့် ရှောင်းကျန့်မျက်မှောင်ကြုတ်လိုက်သည်။တကယ်ဆို သူပျောက်တာနဲ့ လုစစ်ရန်ကရှာသင့်သည်။
""ဗီလိန်ကရော""
""ဆေးရုံမှာ""
ကြားလိုက်ရတဲ့စကားကြောင့် ရှောင်းကျန့်ပိုတောင်အလိုမကျဖြစ်သွားသည်။ပုံမှန်ဆို ဒီလိုအချိန်မှာ ဇာတ်လိုက်ကို ယှဥ်ပြိုင်နေသင့်တာမဟုတ်ဘူးလား ဆေးရုံမှာဘာသွားလုပ်နေတာလဲ
"""ဇာတ်လိုက်ကိုယ်ထဲမှာ အမည်မသိဝိဉာဉ်တစ်ခုရောက်နေတယ် အဲ့ဝိဉာဉ်ကမကောင်းတဲ့ဝိဉာဉ်ဖြစ်ဖို့များတယ် နောက်ပြီးမင်းနဲ့ပတ်သတ်ဖို့လဲများတယ်"""
""ငါနဲ့""
""အင်း ငါကကြိုသတိပေးရုံပဲ စည်းမျဥ်းတွေကိုဖြတ်ပြီးဝင်လာတဲ့ဝိဉာဉ်ရဲ့ဆက်နွယ်မှုတွေကိုကြည့်ခဲ့တာ မင်းနဲ့အတော်ရင်းနှီးခဲ့တာပဲ မင်းတို့ခြင်းတွေ့ခဲ့တာဘဝတွေတော်တော်များလောက်တယ် ဘဝတစ်ခုကလွဲရင်...အင်း...ဘဝတစ်ခုမှာပဲမင်းတို့ချစ်ခဲ့တာ"""
တရက်မှာစကားနှစ်ခွန်းထွက်ဖို့ခဲယဥ်းတဲ့ ဆွန်းဝူဆီက ရှားရှားပါးပါးစကားအများကြီးထွက်လာပေမယ့် ရှောင်းကျန့်မအံ့သြမိ။ထိုအစား အတွေးနက်သွားတယ်။သူ့ရဲ့အတွေးထဲကို အမျိုးမျိုးသောလူတွေရဲ့ပုံရိပ်တွေကပေါ်လာတယ်။နာမည်တွေမမှတ်မိပေမယ့် မစိမ်းသက်တဲ့မျက်နှာတွေ။ထူးထူးခြားခြားလူတစ်ယောက်ရဲ့အမည်ကလွဲရင်။ဝမ်ရိပေါ်
""ငါ့ရဲ့missionတွေကိုမနှောက်ယှက်သ၍သူ့ကို ဒီတိုင်းပဲထားပေး တကယ်လို့နှောက်ယှက်မယ်ဆိုရင်တော့ သူ့ရဲ့မှတ်ဉာဏ်ထဲက ငါ့ကိုဖျောက်လိုက်ပါ"""
"""ဒါအကူအညီတောင်းတာလား..."""
""အင်း ကျေးဇူးပြုပြီး""
""ကိစ္စမရှိဘူး စည်းမျဥ်းတွေကိုလက်တလုံးခြားဖို့က ငါ့အတွက်သိပ်လွယ်တယ်""ဒီကမ္ဘာတွေက ငါ့အဖေပိုင်တာလေ အဟမ်း
ရှောင်းကျန့် ဗီလိန်တတ်နေတဲ့ဆေးရုံရှေ့ကိုရောက်တော့ ငှားလာတဲ့တက္ကစီပေါ်ကနေ ဆင်းလိုက်တယ်။ဆေးရုံရှေ့မှာ ခြေစုံရပ်ရင်း ခေါင်းပေါ်ကဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်တယ်။မျက်နှာပေါ်ကmaskကို သေချာတပ်ထားမထား လက်နဲ့စမ်းလိုက်ပြီးနောက် ဆေးရုံထဲလှမ်းဝင်ခဲ့လိုက်သည်။
YOU ARE READING
Please love me more!
FanfictionYizhan system fiction အသုံးအနှုန်းရိုင်းများပါဝင်ပါသည် idol imageထိခိုက်လိုစိတ်မရှိပါ