""အမှိုက်တွေက အရမ်းများတယ်နော်""
ရှောင်းကျန့်ရေကူးကန်ထဲက အမှိုက်တွေကိုဆယ်ယူရင်း ရေစစ်လိုအရာနဲ့ဆယ်ယူရင်း တိတ်ဆိတ်မှုကိုပျက်အောင်လုပ်လိုက်သည်။သန့်ရှင်းရေးလူလိုတယ်ဆိုပြီး တကယ်တမ်းကျ ရေကူးကန်လည်းရောက်ရော သူရယ်ဥက္ကဠရယ်သာရှိသည်။
""အမှိုက်တွေက အများသားမလား""ဒီလောကကြီးထဲမှာလေ အဟင်း
အမှိုက်တွေကိုကုန်းဆယ်နေတဲ့ရှောင်းကျန့်က အန္တာရယ်အငွေ့အသက်ကိုသတိပြုမိလို့ လှည့်ကြည့်လိုက်တော့ လော့ယွင်ကသူ့ကိုပြုံးကြည့်နေသည်။သူလည်းသိပ်မတွေးတော့ပဲ လော့ယွင်ရပ်နေတဲ့ရေကူးကန်ဘေးနားကိုကြည့်ကာ လှမ်းသတိပေးလိုက်သည်။
""ရေညှိတွေရှိတယ် သတိထား""
သူပြောလို့မှမဆုံးသေးဘူး လော့ယွင်ကရေကူးကန်ထဲ ပြုတ်ကျသွားသည်။ရှောင်းကျန့်လည်း ဘာမှမတွေးနိုင်တော့ပဲ ရေကူးကန်ထဲလိုက်ခုန်ချသည့်အချိန်မှာပဲ တစ်ဖက်လူက ပြန်ပေါ်လာလေသည်။သူမေ့သွားသည် တစ်ဖက်လူကကျောင်းသားကောင်စီဥက္ကဠတင်မက မူလကိုယ်လိုပဲရေကူးအသင်းကပင် ချန်ပီယံတောင်ဖြစ်သေးသည်။
""ဟား""သူ့လုပ်ရပ်ကိုရှက်ရွံစွာဖြင့် ရယ်မောလိုက်ကာ ရေစိုနေသောဆံနွယ်တွေကိုလှန်တင်လိုက်ကာ လှပတဲ့နှဖူးကိုထွက်ပေါ်လာစေသည်။သူ့ရဲ့မျက်နှာခြင်းဆိုင်က လော့ယွင်ကတော့ ကောင်ငယ်လေးရဲ့အပြုအမူကိုရယ်မောချင်စိတ်မရှိခဲ့။လူတစ်ယောက်ဒုက္ခရောက်ချိန် မတုံ့ဆိုင်းပဲကူညီချင်တဲ့လူတစ်ယောက်က တစ်ကယ်ပဲonline blamerတစ်ယောက်လား။စောနက ကောင်ငယ်လေး၏နောက်ကျောကနေ တွန်းချဖို့ကြံစည်ခဲ့သောသူ့ရဲ့လက်တွေကို ဆုပ်လိုက်ဖြန့်လိုက်လုပ်နေမိသည်။
ကြည့်ရတာ သူ့အမြင်ကိုသေချာအောင်ပြန်ဆန်းစစ်ပြီးမှ သတ်ဖို့ဆုံးဖြတ်တော့မယ်။နောက်ရက်တွေမှာတော့ ရှောင်းကျန့်သူ့နောက်ကျောကနေ တောက်လောက်တဲ့အကြည့်တွေကို ဘယ်သွားသွားခံစားနေရတော့သည်။
""ဆုချင်း ကန်တင်းဘက်သွားရအောင်""
""အွန်း""
YOU ARE READING
Please love me more!
FanfictionYizhan system fiction အသုံးအနှုန်းရိုင်းများပါဝင်ပါသည် idol imageထိခိုက်လိုစိတ်မရှိပါ