ထိုအချိန်မှာတော့ ရှောင်းကျန့်ကတော့ တခြားကမ္ဘာမှာရောက်ရှိနေခဲ့လေပြီ။မှတ်ဉာဏ်တွေအားလုံးလက်ခံခဲ့ပြီးနောက်မှာ ဘာလို့ဒီကမ္ဘာကိုရောက်ရှိလာခဲ့လဲဆိုတာကို သူသိလိုက်ရတယ်။ဒီကမ္ဘာဟာ ဇာတ်လိုက်ကောကြောင့်ပျက်စီးသွားခဲ့ရလေတယ်။ဗီလိန်မင်းကြီးဖြစ်တဲ့ယန်လော့ဝမ်ဟာ ဇာတ်လိုက်ကောဖြစ်တဲ့ဝမ်ရိကို တခြားတိုင်းပြည်ကနေသိမ်းယူခဲ့တယ်။ဇာတ်လိုက်ကောက အရမ်းလှသလို အရမ်းလည်းထက်မြက်လေတယ်။နောက်ပြီး တစ်ဦးတည်းသောသားဖြစ်ပြီးအိမ်ရှေ့စံလဲဖြစ်တယ်။ဒါပေမယ့် ဗီလိန်ဟာတန်ဖိုးမထားဘဲနဲ့ သူ့ရဲ့ရန်ဖက်ဖြစ်တဲ့ ညီတော်အိမ်ရှေ့စံယန်ဝမ်ဆီကို မင်းကငါ့အကျပဲရတာပါဆိုတဲ့ရည်ရွယ်ချက်နဲ့ လက်ဆောင်ပေးလိုက်လေတယ်။အိမ်ရှေ့စံယန်ဝမ်ဟာဇာတ်လိုက်ဖြစ်ပြီး ဒါကပဲဇာတ်လိုက်နှစ်ဦးရဲ့တွေ့ဆုံခန်းဖြစ်တယ်။
ယန်လော့ဝမ်ရဲ့ထိုအမိန့်ဟာ သူ့တိုင်းပြည်ကိုသိမ်းလို့ အစထဲကယန်လော့ဝမ်ကို မုန်းတီးနေတဲ့ဝမ်ရိကို ပိုပြီးမုန်းတီးစေလေတယ်။သူ့လက်ထဲကိုရောက်လာတဲ့အမိန့်စာကိုကျေကျေနပ်နပ်လက်ခံခဲ့ပေမယ့် ဒါကခြေတစ်လှမ်းဆုတ်ပေးလိုက်တာသာဖြစ်တယ်။မာနကြီးတဲ့ဝမ်ရိဟာ သူခံစားခဲ့ရသမျှကိုအတိုးချယူဖို့တေးမှတ်ထားလိုက်လေတယ်။ထို့နောက်မှာတော့ ယန်ဝမ်ကထက်မြတ်တဲ့ဝမ်ရိကိုချစ်မိသွားသလို တဖက်မှာလဲယန်လော့ဝမ်ဟာ လွတ်တဲ့ငါးကြီးလေခြင်းဆိုပြီးနောင်တစိတ်နဲ့ဝမ်ရိကိုတနေ့တနေ့ပိုချစ်လာမိတယ်။နောက်မှာတော့ ဝမ်ရိဟာဗီလိန်ကိုသတ်ပြီး ဇာတ်လိုက်နဲ့နန်းတတ်ခဲ့ပေမယ့် ကမ္ဘာကြီးဘာလို့ပျက်စီးသွားလဲဆိုတော့ ဝမ်ရိကယန်ဝမ်ကိုသတ်ခဲ့လို့ပါပဲ
ဝမ်ရိဟာ ယန်ဝမ်ကိုမချစ်တဲ့အပြင် အသုံးချလို့ပြီးသွားတာကြောင့် အဆိပ်ခတ်ပြီး သတ်ပစ်လိုက်တယ်။ထို့နောက်မှာတော့ ဝမ်တိုင်းပြည်ကိုတဖန်ပြန်တည်ထောင်ခဲ့တယ်။သို့ပေမယ့်လဲ ဇာတ်လိုက်မပဲရှိပြီး အပြိုင်ဇာတ်လိုက်မရှိတဲ့ကမ္ဘာဟာယိုယွင်းလာခဲ့တယ်။ကံကြမ္မာနတ်ဘုရားက ဇာတ်လိုက်ကောဘေးနားကို အမျိုးမျိုးသော ယောကျာ်းတွေကို ဇာတ်လိုက်အဖြစ်နဲ့စေလွှတ်ခဲ့ပေမယ့် ဝမ်ရိဆိုတဲ့ဇာတ်လိုက်ကောကတော့ အကုန်လုံးကိုသတ်ပစ်ခဲ့တယ်။နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ ဝမ်တိုင်းပြည်ဟာသမိုင်းကနေပျောက်ကွယ်သွားခဲ့ရတယ်။
YOU ARE READING
Please love me more!
FanficYizhan system fiction အသုံးအနှုန်းရိုင်းများပါဝင်ပါသည် idol imageထိခိုက်လိုစိတ်မရှိပါ