""ဒီလိုလုပ်လို့ငါမင်းကိုပြန်ချစ်လိမ့်မယ်ထင်နေလား ရှောင်းကျန့်""
ရှောင်းကျန့် တံတားအစွန်းမှာရပ်ရင်း သူ့ရှေ့ကမှုန့်မှိုင်းနေတဲ့အမူအရာနဲ့ ဝမ်ရိပေါ်ဆိုတဲ့လူကိုကြည့်လိုက်တယ်။ရှောင်းကျန့် အနောက်ကိုစောင်းကြည့်လိုက်တော့ သူ့မှာထပ်ဆုတ်စရာနေရာမရှိတော့ဘူး။နောက်ပြီး သူ့လက်ထဲမှာကသေနတ်တစ်လက်ကိုကိုင်ထားသေးတယ်။ရှောင်းကျန့် မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးကာ သူ့ကိုကြည့်နေတဲ့ထိုသူကိုကြည့်လိုက်တယ်။
""မထင်ပါဘူး...ဝမ်ရိပေါ်""
[OOC...OOC]
သူထိုသို့ပြောလိုက်တော့ သတိပေးလာတဲ့စနစ်ရဲ့အသံကိုကြားလိုက်ရတယ်။ရှောင်းကျန့်ဆိုတာ ကမ္ဘာပေါင်းမြောက်များစွာကို သွားနေရတဲ့hostတစ်ယောက်။သွားရတဲ့ကမ္ဘာတွေများလွန်းလို့ သူ့ရဲ့အစစ်အမှန်ကိုတောင်မမှတ်မိချင်တော့ဘူး။အရန်ဇာတ်ကောင်၊ဖြတ်လျှောက်၊အမြှောက်စာအစရှိသဖြင့် အဆင့်ဆင့်သရုပ်ဆောင်လာပြီးနောက်မှာသူဟာ ဗီလိန်ရဲ့နောက်လိုက်ဖြစ်တဲ့ ဗီလိန်အသေးစားလေးအဖြစ် ရာထူးတိုးလာတယ်လေ။ဗီလိန်အသေးစားလေးက ဗီလိန်နဲ့အတူရှိရာဖို့ဆို အရာရာပေးဆပ်ရမည်ဖြစ်ပြီး ဗီလိန်ကိုဇာတ်လိုက်နဲ့ယှဥ်ပြိုင်လို့ရသည်အထိ ဘယ်နည်းနဲ့မဆို တွန်းပို့ရမည့်သူတစ်ယောက်ဖြစ်လေသည်။
ရှောင်းကျန့်ရဲ့ထိုစကားကိုကြားတော့ ဝမ်ရိပေါ်ကခနဲ့သလိုရယ်လိုက်တယ်။ဒီတခါရော ဘာကြံစည်ပြန်ပြီလဲဆိုတဲ့သဘောနှင့်ပေါ့။ဝမ်ရိပေါ်ဒီလိုထင်တာမမှားပါဘူး ဒီကမ္ဘာမှာရှောင်းကျန့်ဆိုတဲ့သူက ကလိန်ကကျစ်ပဲလေ။ဝမ်ရိပေါ်ဆိုတဲ့သူဆီကအချစ်ကိုရဖို့ အသက်နဲ့ချိန်းခြောက်ဖို့တောင် တွန့်ဆုတ်မနေတဲ့သူ။အသက်နဲ့ချိန်းခြောက်ပြီးတောင် ဝမ်ရိပေါ်ကိုလက်ထပ်ခဲ့သေးတာပဲလေ။အစတည်းကမုန်းနေတဲ့ဗီလိန်က ရှောင်းကျန့်ကိုပိုတောင်မုန်းတီးသွားသေးတယ်။အခုလက်ရှိက ရှောင်းကျန့်ရဲ့နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်သည်။ဗီလိန်က ဇာတ်လိုက်မလျှိုချင်းချင်းကို သူ့ကိုတခါမှမပေးဖူးသည့် ကြင်နာမှုများပေးနေတာကိုတွေ့ပြီး ရှောင်းကျန့်က ဗီလိန်ကို သူ့အသက်ချိန်းခြောက်ကာ သူ့ကိုကြင်နာပေးဖို့တောင်းဆိုရမည်။ထို့နောက် တံတားပေါ်ကခြေချော်ပြုတ်ကျကာ သေဆုံးရမည်ဖြစ်သည်။ရှောင်းကျန့်နားထဲကစနစ်ရဲ့ အသံကို လျစ်လျူရှုလိုက်သည်။ဒီတခါတော့သူ့ကိုOOCခွင့်ပြုပါ
YOU ARE READING
Please love me more!
FanfictionYizhan system fiction အသုံးအနှုန်းရိုင်းများပါဝင်ပါသည် idol imageထိခိုက်လိုစိတ်မရှိပါ