"""မားမား ပါးပါးကသားကျွေးတာတွေစားရဲ့လားဟင်"""
""ဒါပေါ့ ယွီယွီဘာဖြစ်လို့လဲဟင်""
သူ့ကိုမျက်လုံးတောက်တောက်ကလေးများနဲ့မေးလာတဲ့ ယွီဟန်ကြောင့်ရှောင်းကျန့်ကထူးပြီးမတွေးမိဘူး။သူ့အမေးကို ယွီဟန်ကခေါင်းအသာခါပြီးဖြေလာတယ်။ယွီဟန်က သုံးနှစ်လောက်ပဲရှိသေးတာ။သုံးနှစ်က သုံးနှစ်ဦးနှောက်လောက်ပဲတွေးတတ်မှာပေါ့။အရမ်း လှည့်စားရလွယ်တယ်လေ။စုမေက မုန့်လုပ်မယ်။နောက်ပြီးယွီဟန်ကိုပေးမယ်။ယွီဟန်ကနေတဆင့် ရှောင်းကျန့်ဆီရောက်မယ်။ရှောင်းကျန့်ကနေ ပြီးတော့။ဖြစ်သမျှက အဲ့သည်အတိုင်းပါပဲ။ဘယ်သူကမှထင်ထားမှာလဲမဟုတ်သလို စုမေကလဲ သူ့အစီအစဥ်အတိုင်းဖြစ်လာမှာဆိုတာမယုံမကြည်ဖြစ်မိမှာမဟုတ်ပါဘူး။ရှောင်းကျန့်ကလဲ သုံးနှစ်အရွယ်ကလေးဆီက မုန့်ကအဆိပ်တွေဖြစ်နေမှန်းထင်ထားမှာမဟုတ်သလို ဝမ်ရိကသိသွားရင်လဲ ရှောင်းကျန့်ခတ်တယ်လို့ပဲထင်မှာ။ဒါကအန္တာရယ်များတယ်ဆိုတာသိပေမယ့် တကယ်လို့သိသွားရင်လဲ ဝမ်ရိကရှောင်းကျန့်ကိုချစ်တာကြောင့် ထူးပြီးအပြစ်ပေးမှာမဟုတ်ပေ။စွန့်စားလွန်းရာကျပေမယ့် ဘယ်သူကမှ အဆိပ်ကသူမဆီကလို့ထင်မှာမဟုတ်ပေ။
ယွီဟန်ကရော အပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်ပါပဲ။သူ့ကျဲကျဲပေးနေတဲ့ ညီမလေးရစေတဲ့မုန့်တွေက အဆိပ်တွေဖြစ်နေမှန်းမသိပါဘူး။သူ့ကျဲကျဲသင်ပေးတဲ့အတိုင်းပြောပြီး ရှောင်းကျန့်ကတဆင့်ဝမ်ရိဆီပို့စေခဲ့တာပါပဲ။ရှောင်းကျန့်အမြင်မှာတော့ ယွီဟန်ကဝမ်ရိဆီမုန့်သွားပို့ပေးရမှာ ရှက်နေလို့ သူ့ကိုယူသွားခိုင်းတယ်ဆိုတာလောက်ပဲ။ဝမ်ရိကရော ရှောင်းကျန့်ကိုသတိထားစောင့်ကြည့်နိုင်ပေမယ့် ကလေးတစ်ယောက်ကိုတော့ထင်ထားမှာမဟုတ်သလို စစ်ဆေးနေမှာမဟုတ်ဘူးလေ။အထူးသဖြင့် သုံးနှစ်တောင်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကိုပေါ့
ထို့ကြောင့် ဘုရင့်ရဲ့စားပွဲဆောင်မှာမုန့်စိမ်းစိမ်းလေးကအမြဲပါနေတယ်။အထိန်းတော်က ထိုမုန့်ပန်းကန်ကိုမြင်နေတာနဲ့ လန့်ဖြန့်ကာဖယ်ဖို့လုပ်ပေမယ့် ဘုရင်ကမဖယ်ခိုင်းခဲ့ဘူး။ဒါကြောင့် သူခမျာပန်းကန်ကိုမြင်တိုင်း လန့်ဖို့သာတတ်နိုင်တယ်။ဘုရင်မမြင်အောင် ပန်းကန်ကိုဖွက်ရင်တောင် ဘုရင်ကမေးတာကြောင့်အထိန်းတော်လဲ မဖွက်ရဲတော့ဘူး။ပြောင်လက်နေတဲ့ပန်းကန်လေးကိုမြင်တိုင်း ပြုံးနေတဲ့ရှောင်းကျန့်မျက်နှာကိုမြင်ပြီး ဝမ်ရိပေါ်က ထိုတခနတွေတွေချည်းသာငေးကြည့်နေလေတော့သည်။အဲ့တချိန်ကလွဲရင် ကျန်တဲ့အချိန်တွေကပုံမှန်လိုပဲမို့ ရှောင်းကျန့်စိတ်ထဲတမျိုးဖြစ်မိပေမယ့် အရမ်းမတွေးမိတော့ပေ။
YOU ARE READING
Please love me more!
أدب الهواةYizhan system fiction အသုံးအနှုန်းရိုင်းများပါဝင်ပါသည် idol imageထိခိုက်လိုစိတ်မရှိပါ