ℙ𝕒𝕣𝕥 3

6.4K 410 10
                                    

Unicode....

ဟိုလူကြီးနဲ့ လက်ထပ်ပွဲက တစ်ဖြေးဖြေးနီးလာပြီမို့ နိုင်ငံခြားကလူကြီးမိဘတွေက သူတို့နှစ်ယောက်ကို လက်ထပ်လက်စွပ်လာရွေး ခိုင်းနေခြင်း၊ အစထဲကချစ်လို့ယူကြရမှာမဟုတ်တာကြောင့် အထည်ဆိုင်သွားသည့်မျက်နှာကတော့အပျော်တွေမပါခဲ့...။

လူကြီးနဲ့တွေ့တာ တစ်ပတ်ကျော် နှစ်ပတ်ပြည့်တော့မည် လူကြီးနဲ့စကားကောင်းကောင်းမပြောဖြစ် ကိုထက်အသက်ကြီးပုံရတာ‌မို့ နာမည်လဲမခေါ်ချင်တာကြောင့် လူကြီးလို့သာခေါ်မိသည် လူကြီးကဒီကိုရောက်ပြီးသိပ်မကြာ Company CEOဖြစ်တာကြောင့် တစ်နေ့လုံးနေမှ တစ်ခါလောက်တွေ့ရသည် မနက်ဆိုကိုမနိုးခင် မနက်စာလုပ်ပေးပြီး စာတစ်စောင်သာချန်ခဲ့တဲ့ လူကြီး ညနေမှလူကြီးကိုတွေ့ရသည် တစ်ခါတစ်လေဆို
ကုမ္မဏီက စာရင်းတွေပါလာသည်မို့ သူ့အခန်းထဲကမထွက် ကြာလာတော့ကင်မ်ထယ်ယောင်းဆိုတဲ့ကျွန်တော် ကိုယ့်ကိုယ်ကိုသာတွေးမိသည် နှစ်ယောက်နေပြီး တစ်ယောက်တည်းလို့ ခံစားနေရတာကြောင့် အကျယ်ချုပ်များ ကျနေသလားလို့တောင်အောင်းမေ့ရသည်...။

ကားမောင်းသည့် ကိုရဲ့ဘေးမှာထိုင်နေတဲ့အသေးလေးက တစ်ခုခုကိုစိတ်ညစ်နေသလိုကားအပြင်ကိုကြည့်ကာ လိုက်ပါလာသည် အမှန်တကယ်လဲစိတ်ညစ်စရာပဲလေ ကိုယ့်ချစ်တဲ့ လူတစ်ယောက်နဲ့ လက်ထပ်ရတဲ့ လက်ထပ်ပွဲတစ်ခုမဟုတ်ပဲ မိဘပေးစားလို့လက်ထပ်ရတဲ့ လက်ထပ်ပွဲမို့ အသေးလေး စိတ်‌ညစ်နေတာဖြစ်သင့်ပါတယ် ကိုကအစကတော့စိတ်ညစ်တယ် မင်းကိုတွေ့ကြည့်လို့အဆင်မပြေရင် စပိန်ရောက်နေတဲ့ ကိုသူငယ်ချင်းဆီကို သွားနေဖို့စိတ်ကူးမိတာအမှန် အတွေးနဲ့လက်တွေ့က ကွဲလွဲနေသလို အသေးလေးကို တွေ့ပြီးတာနဲ့ ကိုရဲ့စိတ်ကူးတွေဟာ ကြက်ပျောက်ငှက်ပျောက် မင်းလေးကကိုယ့်ကိုယ်တွေ့ထဲကပြုစားထားတာမို့ အသေးလေးစိတ်မပါတဲ့ လက်ထပ်ပွဲက ကိုအချစ်တွေ ပါခဲ့တာသည်ကိုတော့ မပြောဖြစ်ခဲ့...။

"မင်္ဂလာပါရှင့် ဘာပစ္စည်းများ ကြည့်ချင်လို့ပါလဲရှင့်..."

"လက်ထပ်လက်စွပ်..."

"ဟုတ်ကဲ့ပါရှင့် ဒီဘက်ကိုကြွပေးပါ ဒီဘက်မှာအစုံရှိပါတယ်..."

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now