ℙ𝕒𝕣𝕥 31

3.5K 221 38
                                    

Unicode...

"မောင်ထ မောင်..."

တကယ်တော့ဂျောင်ကု အိပ်မပျော်ပါ နှဖူးပေါ်လက်တင်ထားပြီး မျက်လုံးမှိတ်ထားခြင်းသာ အတွေးတို့က ကောက်စိန်ဆီပဲရောက်နေတာမို့ စိတ်တို့ကအဆိုးမရ သိပ်မကြာလိုက် သိပ်တိုးတိုးခေါ်သံကြောင့်
ဂျောင်ကု မျက်လုံးဖွင့်ကြည့်လိုက်တော့ ခေါင်းအုန်းလေးကိုပိုက်ကာ ဂျောင်ကုမျက်နှာနားထိငုံ့ကာ နိူးနေသည့် အသေးလေး...။

"ဟင် ထယ်..."

"ထအခန်းထဲသွားအိပ်..."

"မောင်မှအခန်းထဲမှာ တစ်ယောက်တည်း မအိပ်တတ်တာ သိရဲ့သားနဲ့ကွာ.."

"ဘယ်သူက တစ်ယောက်တည်း အိပ်ခိုင်းလို့လဲ ထ ခြင်ကိုက်တယ်..."

ဒါလေးက သူကိုစိတ်ပူနေတာပေါ့ အသေးလေးအပြောကို ဂျောင်ကုပြုံးလိုက်ပြီး ခေါင်းအုန်းလေးကိုပိုက်ထားသည့် ထယ်ရဲ့ကိုယ်လေးကို ပွေ့ချီလိုက်တော့ မျက်လုံးလေးပြူးကာပင် အလန့်တကြားပြောသည်...။

"မောင်ထယ်ကိုအောက်ချပေး ပြုတ်ကျမယ်မောင်..."

"မပြုတ်ကျပါဘူးကွာ မောင့်မှာအားတွေရှိပါတယ် ဒီမှာတွေ့လား.."

ထယ်ယောင်းကို ပွေ့ချီလျက် မောင့်ကအပေါ်ကိုမြှောက်ပြတော့ ထယ်ယောင်းလက်တွေက အကြောက်ကြောက်အလန့်လန့် မောင့်ရဲ့လည်တိုင်ကိုအတင်း ဖက်တွယ်ထားမိသည်....။

မောင်က ကိုယ့်ကိုပွေ့ချီလျက် အခန်းထဲရောက်တော့ ကုတင်ပေါ်ကိုညင်သာစွာချပေးသည် ပြီးတာနဲ့ ထယ်ယောင်းဘေးကိုဝင်လှဲကာ ကိုယ့်ကိုဖက်တွယ်လာတော့မယ့် မောင့်ရဲ့လက်တွေကို ထယ်ယောင်းရိုက်ချလိုက်ကာ...။

"မဖက်နဲ့မေးစရာရှိတယ်..."

ထယ်ယောင်းပြောလိုက်တော့ မောင့်ကခနတာကြောင်သွားသလို ပြီးတော့မှ...။

"အင်း..မေးစေဗျာ..."

"နေ့ခင်းက အစည်းအဝေးသွားတာ သေချာလား..."

"ဟောဗျာ မောင်ကဘာလို့လိမ်ရမှာလဲ...."

"သေချာလို့လား..."

"100%သေချာတယ် ဘာလို့အဲ့လိုမေးတာလဲ..."

"အစည်းအဝေးသွားပြီးဘာလို့ မောင်သုံးနေကြ ရေမွှေးနံမဟုတ်တော့ဝာာ ဘာလို့လဲ..."

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Tahanan ng mga kuwento. Tumuklas ngayon