ℙ𝕒𝕣𝕥 23

3.5K 225 2
                                    

Unicode...

ဒေါက်...ဒေါက်...

ရုံးတံခါးခေါက်သံကြောင့် ထယ်ယောင်းဂျောင်ကုကို တွန်းကာ သန့်စင်ခန်းကိုသာ ဝင်သွားလိုက်သည် မဟုတ်ရင် သူရဲ့ဖရုံဖရဲပုံစံနဲ့ ဝန်ထမ်းတွေ တွေ့သွားရင် ထယ်ယောင်း ရှက်လို့သေသွားလိမ့်မယ်....။

ဂျောင်ကုနမ်းရိူက်နေရင်း အတွန်းခံလိုက်ရတာမို့ နောက်သို့‌ယိုင်သွားကာ သန့်စင်ခန်းထဲ အပြေးတစ်ပိုင်းဝင်သွားတဲ့ ထယ်ကိုကြည့်ကာ ပြုံးလိုက်မိသေးသည် ပြီးတော့မှ အခန်းတံခါးကို ဖွင့်လိုက်တော့ မျှော်လင့်မထားတဲ့ ဧည့်သည်....။

ဂျွန်....

ဂျောင်ကု မျက်မှောင် ကျုံလိုက်မိသည်
ဂင်ယူနာ လာတာကောင်းသော လာခြင်းမဟုတ်ဘူးမလား...။

"ယူနာ ဂျွန်နဲ့ အေး‌အေးဆေးဆေး စကားပြောလို့ရမလား..."

"ငါမှာ အချိန်မရှိဘူး ဂင်ယူနာ..."

"ယူနာလို့ပဲခေါ်ပါဂျွန် ဂျွန်ကိုတွေ့ရမှာ မျက်နှာပူပေမယ့် သူငယ်ချင်းတစ်ယောက်အနေနဲ့ဆက်နေသွားလို့ မရဘူးလားဂျွန်.."

ဂျောင်ကု ငယ်ငယ်လေးထဲက သံယောဇဉ်ရှိတဲ့ယူနာကို စကားလုံးကြမ်းကြမ်းတွေနဲ့ မသုံးနူန်းချင်ပါ ဘာလို့ဆို ဂျောင်ကုသိခဲ့တဲ့ ယူနာက အေးအေးချမ်းချမ်းလေးမလား သစ္စာဖောက်ကာ ထွက်သွားတဲ့ သူရဲ့သတင်းတွေကို ဂျောင်ကုကြားပါသည် အသက်ကြီးကြီး လူတစ်ယောက်နဲ့ လက်ထပ်သွားပြီဆိုတဲ့ သတင်း ဂျောင်ကုယူနာကို မယုံနိုင်လောက်အောင် အံဩမိသည်၊

ယူနာက ဒါမျိုးသူအပေါ်မှာ မလုပ်လောက်ဘူးထင်ကာ သူကိုသွားကြည့်မိသည် မမြင်ရတဲ့ သတင်းတစ်ခုကို ဂျောင်ကုမျက်စိစုံမှိတ်ကာ မယုံကြည်နိုင်တာကြောင့် ထိုသတင်းအတည်ပြုရန် ယူနာဆီကို ဂျောင်ကုသွားခဲ့သည် တောင်းပန်ပြီး သူဆီပြန်ဆွဲခေါ်မည်ဆိုတဲ့ စိတ်လေးနဲ့ပင်...။

အတွေးနဲ့ လက်တွေ့က ဂျောင်ကုထင်ထားသလောက်မ‌ရိုးရှင်းခဲ့ လူခြားလူတစ်ယောက်နဲ့ ကိုယ့်ကိုရက်ရက်စက်စက် အသဲခွဲသွားတဲ့ လူနှစ်ယောက်နမ်းရိူက်နေပုံ ကိုမျက်မြင်ကိုတွေ့ တွေ့လိုက်ရတော့ ဂျောင်ကု လက်သီးတို့ပင် ခပ်တင်းတင်းစုပ်ကာ ထိုကိစ္စကို ဂျောင်ကုဒီတိုင်းမထားနိုင်ပါ
ထိုသည်ကိုဂျောင်ကု စာရင်းရှင်းမလိုသွားတုန်း အနောက်ကမင်ဒါဒါရဲ့ စကားသံကြောင့် ဂျောင်ကုခြေလှမ်းတွေရပ်တန့်လျက် "ကိုယ်ကိုမချစ်လို့တစ်ခြားတစ်ယောက်ဆီသွားတာကို မတွယ်တာနေစမ်းပါနဲ့ဂျွန်ဂျောင်ကုရာ" ဆိုသည့် စကားသံ။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now