ℙ𝕒𝕣𝕥 9

4.9K 324 7
                                    

Unicode...

ထယ်ယောင်း လူကြီးတို့နဲ့ အပြင်လိုက်သွားမှာမို့ ပေါ့ပေါ့ပါးပါးအင်္ကျီကိုသာ ရွေးလိုက်သည် ပေါ့ပေါ့ပါးပါး‌ပဲဝတ်တတ်တာမို့ ထယ်ယောင်းမှာ စတိုင်ကျတဲ့ အဝတ်စားရယ်လိုမရှိ ရွေးရင်းနဲ့ပဲ တီရှပ်အဖြူ ပွပွကိုသာထုတ်လိုက်ပြီး ဂျင်းဘောင်းဘီနက်ပြာရောင်လေးနဲ့ပဲ တွဲဖက်ဝတ်ကာ အင်္ကျီပွပွကို ဘောင်းဘီထဲ ထည့်၍ ဝတ်ဆင်ပြီး အခန်းထဲက ထွက်လာလိုက်သည် လူကြီးနဲ့ မမလှလှကတော့ ဘာတွေပြောနေလဲမသိရယ်မောကာ ထယ်ယောင်းကိုပင် သတိမထားမိ...။

"လူကြီးး.."

"ဟင်ထယ်ပြီးပြီလား သွားကြရအောင်..."

"အွန်းး..."

"ထယ်ယောင်းလေး.."

"ဗျာ..."

"ဟိုလေ..ဒါဒါကားအရှေ့မှာခုံမှာ
ထိုင်မယ် ရမလား.."

"ဟုတ် ဟုတ်ရပါတယ် ထယ်အနောက်မှာပဲထိုင်လိုက်ပါ့မယ်..."

ထယ်ယောင်းစိတ်ထဲတော့ သိပ်ဘဝင်မကျပေမယ့် ဧည့်သည်ပဲမလား ဧည့်ဝတ်ကျေရမှာပေါ့....။

မင်ဒါဒါပြောလိုက်တဲ့စကားကြောင့် မျက်နှာ တစ်ချက်မပျက်တဲ့ ထယ်ယောင်းကြောင့် ဂျောင်ကုမျက်နှာမှာ မသာယာနိုင် မျှော်လင့်ထားသလို မျက်နှာတော့ ပျက်သင့်တယ်မလား...။

မင်ဒါဒါလဲခေါင်းသာခါလျက် ဒီနှစ်ယောက်ကြား ဗီလိန်မကြီးလိုလိုဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုလဲအားမရတော့ ချစ်နေကြတာပေါ်လွင်နေကြတာကို ဘာလို့များ နူတ်ပိတ်နေကြလဲ မင်ဒါဒါနားမလည်‌နိုင်စွာနဲ့ပဲ ကားရှေ့ဖုံးကို ဖွင့်ကာဝင်ထိုင်လိုက်သည်...။

အနောက်က ထယ်ယောင်းမှာတော့ ငူငိုင်ငိုင်နဲ့သာ လူကြီးကိုကြည့်နေမိသည် ဘာလိုမှန်းမသိပေမယ့် လူကြီးမျက်နှာက ဆူပုတ်စွာ တက်တူးထိုးထားတဲ့ လက်တစ်ဖက်နဲ့သာ ကားမောင်းနေသည့် လူကြီးက အနောက်ခုံက ကြည့်နေတာတောင်
ကြည့်လို့ကောင်းသည်...။

Mallကိုရောက်တော့လဲ ထယ်ယောင်း လူကြီးတို့ နောက်ကိုသာ လိုက်ရသည် ထယ်ယောင်းပစ္စည်းဝယ်ရန်အတွက် လိုက်လာသည်မဟုတ် လူကြီးကအိမ်မှာပဲအပြင်မထွက်ပဲ‌နေနေလို့ လိုက်ခဲ့ဆိုတာကြောင့် ထယ်ယောင်းပါလာခြင်းပင် အရှေ့ကလူကြီးလက်‌မောင်းကို မမလှလှက ကိုင်ကာလျှောက်နေသည့် မြင်ကွင်းကိုထယ်ယောင်းအနောက်ကနေ လုံးဝမကြည့်နိုင်တော့ ရှင်ရက်နဲ့ငရဲကျနေသလိုပင် ဒီမြင်ကွင်းကိုကြည့်စေချင်လို့လူကြီးက ထယ်ကို တမင်သက်သက်ခေါ်လာသည်များလား
ထယ်ယောင်းတွေးနေရင်းနဲ့ပင်ငိုချင်လာသည် ဒီနေရာကနေ အမြန်ဆုံးထွက်သွားချင်မိသည် လူကြီးတို့နဲ့ ဝေးတဲ့နေရာဆီပေါ့....။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now