Unicode...
"ဖရဲသီးစားချင်တယ်.....မောင့်!!ဖရဲသီးစားချင်တယ်လို့..."
"မောင်ဒါလေး အပြီးသတ်ပြီးရင် လိုက်ဝယ်ပေးမယ်..."
"ဟင့်အင်း ခုချက်ခြင်းစားချင်ဝာာ မောင်လို့..."
လက်ထောက်မင် Internet ပေါ်ကစာရင်းတွေပို့ထားတာကြောင့် စစ်နေတာကိုဘေးကနေတစ်ကျီကျီလုပ်နေတဲ့ အသေးလေး အိမ်မှာမရှိလို့ ဒါလေးအပြီးသတ်ပြီးရင် လိုက်ဝယ်ပေးမယ်ဆိုတာလဲ မဟုတ်ပြန် ဒါလေးက ကိုဝန်ရင့်လာလေ စိတ်မရှည်လာလေ ဒါဆိုဒါ အခုဆိုအခု ချက်ခြင်းရလိုက်မှ မဟုတ်ရင် ဘယ်လိုချော့ချော့မရ တစ်နေ့ကုန်ကောက်သည် ကိုဝန်ရင့်လာသည်နှင့် ကိုဝန်ဆောင်များက စိတ်ဆက်တတ်သည်ကိုတော့ ဂျောင်ကုကြားဖူး၍သိသည်...။
"ဟုတ်ပြီထ မောင်နဲ့အပြင်သွားမယ်..."
ပြောလိုက်တော့မှ ချက်ခြင်းဆိုသလို ထကာဂျောင်ကုပါးကိုလာနမ်းသည် သူလိုချင်တာရရင်အဲ့လို တကယ့်မလွယ်ကျောလေး...။
.
.
.
"ဖရဲသီးပဲလား ကျန်တာဘာစားချင်သေးလဲ...""မောင့်ကို.."
"မောင့်ကိုတော့သားငယ်မွေးပြီးမှစား ဟုတ်ပြီလား..."
သူပြောလို့ပြန်ပြောတာကို မျက်နှာတွေရဲကာ...။
"မောင်နော်...."
ဂျောင်ကုသဘောကျစွာ ဖောင်းနေတဲ့ ပါးလေးကိုညှစ်ကာ အုပ်အုပ်လေးဖြစ်နေတဲ့ဆံပင်လေးကို ဖွလိုက်တော့ မျက်စောင်းထိုးကာ သူဆံပင်တွေကို သေချာပြန်သပ်နေသေးသည် အလှကလဲကြိုက်ပါ့...။
ကိုဝန်သည်တွေက လရင့်တာနဲ့ ခြေထောက်တွေ မျက်နှာတွေ ရောင်ကာဖောင်းလာတတ်တာကြောင့် ထယ်မျက်နှာလေးကအနည်းငယ်ရောင်နေပြီး ပါးလေးတွေက
ခပ်ဖောင်းဖောင်းလေးလေးဖြစ်ကာ ခြေထောက်လေးတွေက အစထဲကသွယ်သွယ်လေးတွေမို့ ခပ်ပြည့်ပြည့်လေးဖြစ်နေကာ ဂျောင်ကုတွက်အသည်းယားလေးပင်...။ဂျောင်ကုမျက်လုံးထဲမှာ ထယ်က သူများတွေလို မျက်နှာတွေရောင်ကာ ရုပ်ဆိုးမနေပဲ ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားစရာကောင်းနေလောက်အောင်ကိုပင် ချစ်စရာကောင်းနေသည်...။
YOU ARE READING
𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}