ℙ𝕒𝕣𝕥 19

4K 255 3
                                    

Unicode...

မနက်5နာရီလောက်ဂျောင်ကု တစ်ယောက် အထုတ်တွေ ကားထဲထည့်ကာ မျက်နှာသစ် ကိုလက်သန့်စင်ပြီး ပြန်ထွက်လာတော့ ကိုတော်ချောက ကုတင်ပေါ်မှာ စောင်တွေပတ်ပြီး မျက်နှာလေးသာဖော်ကာ အိပ်နေတုန်း အသေးလေးနားသွားကာ ဂျောင်ကုအသေးလေးရဲ့ နှာခေါင်းချွန်ချွန်လေးကို သွား‌ဖြင့်ကိုက်လိုက်တော့ အွန်းခနဲ့ တစ်ချက်လူးလိမ့်သွားပြီး ပြန်အိပ်နေစဲ အသေးလေးကိုကြည့်ကာ ဂျောင်ကု ပြုံးမိပါသည် ဒါလေးကအိပ်နေတဲ့အချိန် ကြိုက်တာလုပ်တစ်ချက်မနိုးဘူး တကယ်လို‌နိုးလာရင်လဲ ဂျောင်ကုကို အော်ကာ ရန်လိုပါသေးတယ်....။

ဂျောင်ကု အိပ်နေတဲ့‌ ထယ်ယောင်းကို မနိူးတော့ပဲ ကုတင်ပေါ်ကနေ ပွေ့ချီလာတော့ တစ်ချက်ပြန်မနိူးသွားပဲ ရင်ဘက်ကို မှီကာ အိပ်လာသေးသည်၊ ကားထဲထည့်ပေးလိုက်တော့လဲ ထိုနည်းတူစွာ တစ်ချက်ပင် မနိူးသွားပါ ဂျောင်ကု ထယ်ယောင်းကိုကြည့်ကာ ဆိုးရိမ်မိပါသည် အကယ်၍အိမ်ကိုလူစိမ်းကပ်ကာ ပစ္စည်းတွေယူပြီး သူလေးကို မ သွားတာတောင် သိလိုက်မှာမဟုတ်တာကိုပင်....။

ဂျောင်ကု အတွေးများနေပေမယ့် အိပ်ပျော်နေတဲ့ ကောင်လေးကတော့ အိမ်မက်ထဲမှာ ဂျောင်ကုနဲ့ရန်ဖြစ်နေသည်ကိုတော့ ဂျောင်ကု တစ်ယောက် မသိလိုက်ပါ...။
.

.

.

ထယ်ယောင်း တစ်ချက်လိမ့်လိုက်တော့ တင်းနေတဲ့ ပုခုံးနဲ့ ခါးပေါ်ကအရာကြောင့်
ထယ်ယောင်း တစ်ယောက် နိူးလာသည် မျက်လုံးဖွင့်ကြည့်လိုက်တော့ အိမ်ကကုတင်ပေါ်မှာ ရှိမနေပဲ ထယ်ယောင်းကားပေါ်မှာ ရောက်နေတာကြောင့် အံဩရသေးသည် ပြီးတော့ ဘေးကိုကြည့်လိုက်တော့လဲ ထိုင်ခုံအလွတ်ကြီးကြောင့် ထယ်ယောင်းအပြင်ထွက်ကာ မျက်စိဝှေ့ကြည့်လိုက်တော့ ကားလမ်းဘေးက အုတ်ပေါ်မှာ ထိုင်နေတဲ့လူကြီး ထယ်ယောင်းကိုပေါ်က စောင်အသေးလေးကို ဖယ်ချမသွားပဲ ပတ်ထားသည့်အတိုင်း ထယ်ယောင်းလူကြီး
အနားကိုသွားလိုက်သည်....။

"မောင်...."

"ဟင်~~~နိူးပြီလား..."

"မောင်က တကယ်မကောင်းဘူး နဲ့နဲ့ပါးပါးမနိူးဘူး ပါလာတော့ဒီပုံစံကြီးနဲ့ ..."

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now