ℙ𝕒𝕣𝕥 8

5.1K 333 9
                                    

Unicode....

ထယ်ယောင်းနိုးတော့ညနေ 6နာရီ နေ့လည်ကထမင်းမစားထားတာကြောင့် ဗိုက်ဆာတာနဲ့ အောက်ထပ်ဆင်းလာခဲ့ကာ ထမင်းစားမလိုလုပ်နေတုန်း နာရီ‌လှမ်းကြည့်လိုက်တော့ 6နာရီကျော်နေပြီ လူကြီးပြန်မလာသေးတာကြောင့် ထယ်ယောင်း‌လူကြီးနဲ့ ထမင်းတူတူစားဖို့ TVကြည့်ရင်း စောင့်နေလိုက်သည် TVသာဖွင့်ထားလိုက်ပေမယ့် ထယ်‌ယောင်းTVဆီ စိတ်မရောက်ပါ မနက်က လူကြီးလက်ကိုတွဲသွားတဲ့ မမလှလှနဲ့လူကြီးဆီသာ စိတ်ရောက်နေမိသည်....။

"လူကြီးက မမလှလှနဲ့ အပြင်မှာညစာစားနေရောပေါ့ ဘာကိုစောင့်နေတာလဲ ကင်မ်ထယ်ယောင်းရယ်....."

ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ခေါင်းကိုခါလိုက်ကာ ထယ်ယောင်းTVကိုအာရုံစိုက်ကြည့်နေလိုက်သည် 7နာရီကျော်သည့်ထိ လူကြီးကပြန်မလာသေးတာကြောင့် ထယ်ယောင်း ကြောက်လဲကြောက်လာ သလို လူကြီးကိုလဲစိတ်ပူမိပါသည် ‌တံခါးနားကိုခေါက်တုန့်ခေါက်ပြန်လျှောက်ကာ ထယ်ယောင်းလူကြီးကိုမျှော်နေမိသည် သိပ်မကြာလိုက်မီးပျက်သွားတာကြောင့် ထယ်ယောင်းမျက်နှာသွေးပျက်လာကာ....။

"ဖုန်း ဖုန်းး...."

ထယ်‌ယောင်းဆိုဖာဘေး စမ်းလျှောက်ကာ ဆိုဖာဘေးက စားပွဲခုံပေါ်လက်ရမ်းကာ ဖုန်းစမ်းနေမိသည် စမ်းနေတုန်း ဖုန်းကိုမထိတာကြောင့် ထယ်ယောင်းသေချာစဉ်းစားကြည့်တော့မှ အပေါ်ထပ်ကအိပ်ခန်းထဲမှာဖုန်းထားခဲ့တာကို သတိရပြီး ထယ်ယောင်းအပေါ်ထပ်သို့‌ လျှောက်လာခဲ့လိုက်သည်...

လျှောက်လာသည့် တစ်လျှောက်လုံး ထယ်ယောင်းဒူးပင် မခိုင်ချင်တော့ စိတ်ထဲမှာ လူကြီးကိုသာ ပြန်လာဖို့သာ တောင်းတနေမိသည်....ဟိုစမ်း ဒီစမ်းနဲ့ လျှောက်လာတာမို့ လှေကား တစ်ထစ်ကိုကျော်နင်းပြီး ချော်ကျသေးသည်....

နာနေသည့် ခြေထောက်ကိုအားပြုကာ အခန်းထိစမ်းလျှောက်လာရသည် ခြေထောက်နာတာနဲ့ ကြောက်တာရောကြောင့် ထယ်ယောင်းငိုနေမိသည် အခန်းထဲရောက်သည့်ထိ ဖုန်းကစမ်းကြည့်တာ မတွေ့တာကြောင့် မှောင်မဲနေတဲ့ အခန်းကုတင်ဘေး ‌ထယ်ယောင်းထိုင်ကျလိုက်ကာ.....။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now