ℙ𝕒𝕣𝕥 24

3.6K 215 3
                                    

Unicode...

"သွား....ဝေးဝေးသွား.."

အလုပ်ပိတ်ရက်မို့ ဘာစိတ်ကူးပေါက်လဲမသိ ထမင်းချက်ကျွေးမယ်ဆိုကာ မီးဖိုဆောင်ထဲဝင်သွားတဲ့ အသေးလေးနောက် စိတ်မချကာ လိုက်ကြည့်တဲ့ ကိုယ်ကို နှင်နေခြင်းပင်...။

"ချက်ပါ..မောင်ဒီကနေပဲ ကြည့်နေမှာ.."

"ဧည့်ခန်းထဲ သွားထိုင်နေပါဆို..."

ဂျောင်ကုပြောမရတဲ့ အသေးလေးကြောင့် ဘာမှထပ်ပြီး အထွန့်မတတ်ရဲ ခုတောင် သွားမှာလား မသွားဘူးလားဆိုတဲ့ မျက်လုံးစိမ်းကြီးနဲ့ ကြည့်နေတာ ကြောင့်ပင်..။

ဂျောင်ကု ဧည့်ခန်းထဲမှာ TV ဖွင့်ထားပေမယ့် အာရုံကTVဆီကိုမရောက် လက်ထပ်ပြီးထဲကတစ်ခါမှ ထမင်းချက်မကျွေးဘူးပဲ ခုမှအထူးဆန်းတွေ လုပ်နေတဲ့ အသေးလေးဆီကိုသာ အာရုံရောက်နေသည် အပူလောင်ကုန်မှဖြစ် အနားသွားတော့လဲ နှင်လွှတ်နေတာကြောင့် ဂျောင်ကု အနားကိုပင် မသွားရဲ....။

တစ်ကုတ်ကုတ် လုပ်နေတဲ့ ထယ်ယောင်းကတော့ Onlineကနေ ကြည့်လိုက် ချက်လိုက်နဲ့ပင် အလုပ်ရူပ်နေသည်...။

အနားကို ရောက်လာတဲ့ လူကြီးကြောင့်လဲ  ထယ်ယောင်းမှာ ဧည့်ခန်းကို သွားဖို့ပြောရသေးသည် မဟုတ်ရင် ကိုချက်နည်းကို ကြည့်ပြီး လှောင်နေအုန်းမှာ ခုအားလုံးပြီးစီးသွားတော့လဲ ထယ်ယောင်းသိပ်ပင်သဘောမကျ...။

"မောင်~~~ခန.."

"ပြီးပြီလား.."

"အင်း~~~စားကြည့်.."

ထယ်ယောင်း ပန်းကန်သေးသေးလေးနဲ့ ထည့်ကာ မောင့်လက်ထဲ ထည့်ပေးလိုက်ပြီး မောင့်ရဲ့မျက်နှာအနေအထားကို ကြည့်နေကာ...။

"ဘယ်လိုနေလဲဟင်...."

ရူံ့တွမသွားပဲ နဂိုတိုင်းသာ စားနေတဲ့ မောင့်ကြောင့် ထယ်‌ယောင်းမေးလိုက်ခြင်းပင်....။

"အရမ်းကောင်းတယ် မောင့်အသေးလေးကဟင်းချက်တော်လိုက်တာ မောင်ဗိုက်ဆာပြီ..."

ကိုယ့်အပြောကြောင့် သဘောကျစွာပြုံးနေသည့် အသေးလေးကို ဂျောင်ကုမှာ မလွှတ်တမ်း ကြည့်နေလိုက်သည် သူ့လေးချက်ထားတာကို မကောင်းဘူးပြောရင် ဒါလေးဆူပုတ်နေသည်ကို ဂျောင်ကုမြင်ရမှာမလား အမှန်တိုင်းပြောရရင် ဟင်းကအရမ်းငံပါသည် ဒါပေမယ့် မောင့်အသေးလေးက စေတနာနဲ့အချစ်‌တွေထည့်ကာ ချက်ပေးထားသည့် ဟင်းတစ်ခွက်ဆိုသည့်အတွေးက ဂျောင်ကုတွက် အရမ်းစားကောင်းသည့် ဟင်းခွက်တစ်ခွက်ပင်...။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now