ℙ𝕒𝕣𝕥 7

5K 334 4
                                    

Unicode....

"အင့်...."

အိပ်ယာအပြောင်းအလဲကြောင့်လား မသိထယ်ယောင်းအိပ်မရ ဟိုဘက်လှိမ့်ဒီဘက်လှိမ့်နဲ့သာ လူကြီးကိုကြည့်တော့လဲ တစ်ဖက်လှည့်ကာ အိပ်နေပြီ ထယ်ယောင်းအိပ်မရတဲ့အဆုံး ကုတင်ပေါ်ထိုင်လိုက်သည်...လက်တစ်ဖက်ကိုဆွဲလိုက်တဲ့ လူကြီးရဲ့လက်ကြောင့် ထယ်ယောင်း လူကြီးရင်ဘက်ပေါ်ပြုတ်ကျသွားတာကြောင့် အင့်ခနဲ့ပင်....။

တစ်လူပ်လူပ်လုပ်နေတဲ့ တစ်ဖက်ကအသေးလေးကြောင့် ဂျောင်ကုငြိမ်နေလိုက်သည် သိပ်မကြာလိုက် ကုတင်ကသိမ့်ခနဲ့ ဖြစ်သွားတာကြောင့် တစ်ဖက်ကိုလှည့်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ဆူပုတ်ပုတ်နဲ့ထိုင်နေတဲ့ အသေးလေး ကြည့်ရတာ အိပ်မရလို့နဲ့တူတယ် ဂျောင်ကု အသေးလေး လက်ကနေဆွဲလိုက်တော့ ရင်ဘက်ပေါ်
ကျလာတဲ့အသေးလေးးး..။

"လူကြီးးးးး"

ကိုလုပ်ရက်ကြောင့် လန့်သွားသည်ထင် အသေးလေးရဲ့မျက်လုံးများ ဝိုင်းစက်ကာ ကိုယ့်ကိုကြောင်ကြည့်နေသေးသည်...။

"အိပ်မရလို့လား.."

"အွန်းး..."

ရင်ဘက်ပေါ်ရောက်နေတဲ့‌ အသေးလေးကို ဘေးသို့ပို့၍ ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်....။

"လူကြီး..ဘာလုပ်တာလဲ..ထယ်ကိုလွှတ်အုန်း..."

"ထယ်အိမ်မက်ဆိုးမက်မှာဆိုးလို့ ဖက်ထားပေးတာ အိပ်တော့..."

"ထယ်...ထယ်အသက်ရူကျပ်တယ်.လွှတ်..."

"ငြိမ်ငြိမ်နေ..."

ရင်ဘက်နှစ်ခုကြား အသေးလေးလက်လေးတွေနဲ့ခြားထားကာ ကိုရင်ဘက်ကိုတွန်းပြီး ရုန်းနေတဲ့ကောင်လေး....။

"လွှတ်...လူကြီးလွှတ်လို့.."

"ငြိမ်ငြိမ်နေနော် မဟုတ်ရင် ကိုဘာလုပ်မိမလဲမသိဘူး..."

လူကြီးကဆံနွယ်တွေကို နမ်းရိူက်ကာ ပြောလာသည် ထယ်ကိုလဲလွတ်ထွက်မတတ် ဖက်ထားတာမို့ ရုန်း၍လဲမရ လူကြီးရင်ဘက်ကိုသာ မျက်နှာအပ်ထားလိုက်သည် သေချာတာတော့ ထယ်ဒီရင်ခွင်နွေးနွေး ကြီးမှာ လုံခြုံသလိုခံစားရပါသည်....။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Wo Geschichten leben. Entdecke jetzt