ℙ𝕒𝕣𝕥 22

3.7K 228 2
                                    

Unicode...

လူကြီးရေ!!!!

အပေါ်ထပ်ကနေ အသံကုန်အော်နေတဲ့ အသေးလေးကြောင့် ဂျောင်ကု ခေါင်းကြိမ်းမိသည် မနက်မိုးလင်းထဲက ခိုင်းလိုက်သည့် အလုပ် ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေးနဲ့သာ မလုပ်ပေးရင်လဲ မချစ်တော့ဘူးလားဆိုကာ မူလီလို့ရစ်သေးသည်....။

"ထယ် မောင်ဒီမှာ..."

"လူကြီးဗိုက်ဆာတယ်..."

"ဟင်..."

"ဗိုက်ဆာတယ်လို့ တစ်ခုခုလုပ်ပေး.."

ဂျောင်ကုပြောပါတယ် တစ်ခုခုတော့ တစ်ခုခုပါလို့...။

"ခုနကလေးတင် ထမင်းစားပြီးဝာာလေ ဗိုက်ဆာတာရော ဟုတ်လို့လား.."

"အာာာ~~ဗိုက်ဆာတာပါ တကယ်..."

"ကဲပြော မောင်ကဘာချက်ပေးရမှာလဲ..."

"သုံးထပ်သားကိုကြော်ပြီး ခေါက်ဆွဲပြုတ်စားမယ်..."

"အကောင်းကလဲ ကြိုက်ပါ့..."

"မောင်နော်.."

"မောင်ကစတာ ဖြစ်စေရမယ်..."

"အတူတူလုပ်မယ်..."

ထယ်ယောင်း ဧည့်ခန်းထဲကနေ မောင့်ပုခုံးပေါ်လက်တင်ကာ နောက်ကနေ ရထားတွဲလို လိုက်သွားလိုက်သည်...။

"မောင်မရှိရင် ဘယ်လိုဖြတ်သန်းမလဲ.."

"မောင့်မရှိပဲ ဖြတ်သန်းဖို့ စိတ်ကူးမရှိဘူး ဗိုက်ဆာပါတယ် ဆို..."

.

"အတုန်းကြီးကြီးစားမလား သေးသေးလေးပဲစားမလား..."

ဂျောင်ကု သုံးထပ်သားကို လှီးနေရင်းမေးလိုက်တော့ လက်ညှိုးထိပ်ပိုင်းလေးကို  လက်မလေးနဲ့ထောက်ကာ...။

"ပိစိလေးပဲစားမှာ..."

ခေါက်ဆွဲပြုတ်နေရင်း ပြောလာတဲ့ အသေးလေးကြောင့် ဂျောင်ကုမှာ ကြည့်ရင်းအသည်းတစ်ယားယားနဲ့ပင် ခေါက်ဆွဲပြုတ်ရတော့လဲ ‌ရေအေးနဲ့ဆေးနေတုန်း အပူလောင်မှာ ဆိုးတာကြောင့် အနောက်ကတစ်ကြည့်ကြည့်နဲ့သာ သွားထိုင်နေပါဆိုတော့လဲ မဟုတ် ခေါက်ဆွဲပြုတ်တာပြီးတော့ အနောက်ကနေ ခါးကိုဖက်တွယ်လာပြီးးး။

"မောင်ရဲ့ကိုယ်သင်း ရနံလေးကိုသဘောကျတယ်..."

"မောင့်ကိုရော..."

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now