Unicode...
"ထယ်မကြောက်နဲ့နော် မောင်ဒီမှာရှိတယ်.."
"ဒီရှေ့မှာစောင့်နေနော်.."
ထယ်ယောင်းအပြောကို ဂျောင်ကုခေါင်းညိမ့်ကာ ဆေးရုံတွန်းလှဲပေါ်မှာ လှဲလှောင်းနေတဲ့ ထယ်ယောင်းရဲ့နှဖူးလေးကိုနမ်းလိုက်ပြီးး...။
"သားငယ်ရော ထယ်ရော ကျန်းကျန်းမာမာပြန်လာခဲ့ မောင်စောင့်နေမယ်..."
ဂျောင်ကုအပြောကို ထယ်ယောင်းခေါင်းညိမ့်လိုက်ပြီး ဆုပ်ကိုင်ထားတဲ့လက်လေးတွေက တွန်းလှဲကြောင့် တစ်ဖြေးဖြေးဝေးကာသွားသည်...။
ခွဲခန်းတံခါးလေးပိတ်သွားတာနဲ့ မမြင်ရတဲ့အခန်းထဲကို ဂျောင်ကုအနားတိုးကာ ကြည့်နေမိသည်
အခန်းရှေ့ ခေါက်တုန့်ခေါက်ပြန်လျှောက်ကာဂနာမငြိမ် ကိုက်ထားသည့်လက်သည်းတို့မှာလဲ အကောင်းရယ်လို့မရှိတော့...။"ဂျောင်ကု ဒီမှာလာထိုင်နေ.."
ထယ်ယောင်း ဆေးရုံတက်ထဲက မင်ဒါဒါကနိုင်ငံခြားက ရောက်နေခြင်းပင်
ထယ်ယောင်းနားမှာကပ်နေသည့်
ဂျောင်ကုကို ဝေယြာဝစ္စတွက် စိတ်မပူစေရအောင် မင်ဒါဒါအကုန်လိုက်လုပ်ပေးဖြစ်သည်
ယောင်္ကျားလေးထက် မိန်းကလေးဖြစ်တဲ့ မင်ဒါဒါက ဒါတွေကို ပိုသိသည်လေ...။ခုလဲခွဲခန်းရှေ့ ခေါက်တုန့်ခေါက်ပြန်လျှောက်နေတဲ့ ဂျောင်ကုကို မင်ဒါဒါကြည့်နေဖြစ်သည် သူ့သူငယ်ချင်းလေးပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ရတော့မယ်မလား ဂျောင်ကုဘယ်လောက်ထိ စိတ်ပူနေမလဲဆိုတာ မင်ဒါဒါနားလည်ပါသည် မင်ဒါဒါပြောလိုက်သည်မှာလဲ ဂျောင်ကုကကြားပုံမရ မင်ဒါဒါဂျောင်ကုနားသို့ လျှောက်သွားကာ ပခုံးကိုအသာပုတ်လိုက်တော့...။
"ထယ်အရမ်းနာကျင်နေတော့မှာ..."
"ထယ်လေးနာကျင်နေပေမယ့် အဲ့နာကျင်မူကို သူ့ကျေကျေနပ်နပ်လက်ခံနေတယ်လေ ကျွမ်းကျင်တဲ့ ဆရာဝန်တွေလဲရှိနေတယ်ပဲ အရမ်းကြီးစိတ်ပူမနေပါနဲ့..."
မင်ဒါဒါပြောနေပေမယ့် ဂျောင်ကုကတော့ ခွဲခန်းထဲကိုသာ ကြည့်နေဖြစ်သည်...။
YOU ARE READING
𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}