တိမ်တွေမဲနက်နေသည့်
ကောင်းကင်တစ်ခု မကြာမှီ
မိုးရွာတော့မည့် အရိပ်အယောင်
များစွာထင်ဟပ်လျှက်"ဂျိန်း"ဟူသောမိုးခြိမ်းသံနှင့်အညီ
မိုးစက်များသည် လွတ်လပ်စွာ
မြေပြင်ပေါ်သို့ အပြေးအလွှားဆင်းသက်လာကြသည်။"တီတီ ဖေဖေနဲ့မေမေရောဟင်"
ရှစ်နှစ်အရွယ်ကလေးမလေး၏
မိဘဖြစ်သူကိုမေးနေခြင်းသည်
မြင်တွေ့ရသူများအဖို့
သနားကြင်နာရုံ ရက်စက်လွန်းသော
ကံကြမ္မာအား အပြစ်တင်ကျရုံမှတပါး
မစွမ်းဆောင်နိုင်တော့ပေ။"သမီးလေး သမီးဖေဖေနဲ့မေမေကလေ
ဟိုးအဝေးကြီးကို ခရီးခဏသွားတာ
သမီးက တီလေးတို့နဲ့ခဏ
လိုက်နေရမှာနော်"အဒေါ်ဖြစ်သူ၏ စကားအား
နားထောင်အပြီးတွင် ကလေးမလေး၏
ငိုသံသည် အသုဘအခမ်းအနားတွင်
ထွက်ပေါ်လာတော့သည်။"သမီးလည်းလိုက်မှာ မရဘူး
သမီးလဲ လိုက်ချင်တာ
ဖေဖေနဲ့မေမေကိုခေါ်ပေး"မိဘနှစ်ပါးတွေ့ချင်၍ ပူဆာနေသော
တူမဖြစ်သူအား
"အော် သမီးလေးရယ် ငါ့တူမလေးမှ
ရက်စက်လိုက်တာ"ဟု စိတ်ထဲမှ
ရေရွတ်ရုံမှတပါး မတတ်နိုင်တော့ချေ။"ဘာလို့ငိုနေတာလဲ မငိုနဲ့တော့ အကိုက သကြားလုံးကျွေးမယ် တိတ်တော့နော်"
သကြားလုံးဆိုတော့ အသံကြောင့်
ငိုနေရာမှရပ်သွားကာ
လက်ကလေးဖြန့်လျက်
တောင်းခံနေသော ကလေးမလေးမှာ
အင်မတန်ပင်ဖြူစင်လှသည်။"သကြားလုံးစားမယ်မလား ရော့"
လက်ထဲသို့ရောက်လာသော
သကြားလုံးအား ပါးစပ်ထဲသို့
လျင်မြန်စွာထည့်သွင်းကာ
ရယ်မောနေသော ကလေးမလေးမှာ
အင်မတန်မှ အပြစ်ကင်းစင်လှသည်။"ကျေးဇူးတင်ပါတယ် အကို"ဟု
နှုတ်ခွန်းဆက်လိုက်သော
ကလေးမလေးမှာနောင်တချိန်ကြုံတွေ့ရမည့်
နာကျင်မှုတွေ ဒဏ်ရာတွေ
အမုန်းတရားတွေကိုသာ
ကြိုမြင်တွေ့ခဲ့လျှင် "အကို"ဆိုသော
နာမ်စားလေးကို သူမ
ခေါ်ဆိုခဲ့ပါ့မလား။မဂ်လာပါရှင့်❤️
သာသာရဲ့ပထမဆုံးအရေးအသား
လေးမို့ အမှားတွေများရင် သည်းခံ
ဖတ်ရှုပေးဖို့မေတ္တာရပ်ခံပါတယ်။
YOU ARE READING
အချစ်ဦး
Short Story"အကို့ကို ချစ်တယ် အကိုတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လိုချစ်တယ်" "အကိုတို့နှစ်ယောက်က မဖြစ်နိုင်ဘူး ငယ်လေး..."