ဒုန်း
ကျယ်လောင်သောတံခါးဖွင့်သံသည်
တိတ်ဆိတ်နေတဲ့အခန်းတွင်း
ကျယ်လောင်စွာ ထွက်ပေါ်လာသည်။အခန်းကြမ်းပြင်ပေါ်တွင်
လဲနေသောကောင်မလေးတစ်ဦး
ပျံ့ကျဲနေသော ပစ္စည်းများ
နှင့် အခန်းသည်ရှုပ်ပွနေခဲ့သည်။ကြမ်းပြင်တွင် တစက်စက်
ယိုစီးကျနေသော သွေးစက်များဖြင့်
ကြမ်းပြင်တစ်ခုလုံး
ရဲရဲတောက်လျက်ရှိသည်။အခန်းတွင်းရှိ ကောင်မလေးမှာတော့
အပူအပင်ကင်းစွာ အိပ်ပျော်လျက်ဖြူဖျော့နေသော မျက်နှာနှင့်
နှေးလွန်းနေသော အသက်ရှူနှုန်းအရ
အသက်မြှေးမြှေးသာ ကျန်ကြောင်း
သိနိုင်ပေသည်။"မြတ်နိုး!!!!!!!!!!!"
--------------------------------------------------
ထိုနေ့အဖြစ်အပျက်ပြီးသည့်နောက်
မြတ်နိုးတို့အဖွဲ့ သိပ်မဆုံဖြစ်ခဲ့ပါမြတ်ပွင့်တို့သည်
ဆုအား တွေ့သည့်အခါတိုင်း
အကို့အားစွန့်လွှတ်ရန် နားချကြသည်ဆုဟာ အကို့ကို
ပွဲအတွက်စီစဉ်ရင်း
အလုပ်ရှုပ်နေခဲ့သည်။September 1
လှပလွန်းတဲ့အပြင်အဆင်တွေ
လှမ်းမြင်နိုင်သော ရန်ကုန်မြို့ရဲ့
ညရှုခင်းအလှအပ
စားပွဲပေါ်တွင်ခင်းထားသော
ကိတ်မုန့်လေးနှင့်ဝိုင်နှစ်ခွက်
ညရှုခင်းကို ကောင်းစွာမြင်နိုင်သော
မိုးမျှော်တိုက်၏ထိပ်ဆုံးအထပ်ကြမ်းပြင်တွင်ပြည့်နှက်နေသော
နှင်းဆီပန်းများ
ချိတ်ဆွဲထားသော
"Happy 1th month anniversary"
ဆိုတဲ့စာတမ်းလှလှလေးအရမ်းလှပပြည့်စုံနေခဲ့ပေမဲ့
ဆုအတွက်တော့
နှလုံးသားနေရာမှ
တစ်စစ်စစ်နာကျင်နေခဲ့သည်။ချစ်ရသူ တခြားတစ်ယောက်နှင့်
ပျော်ရွှင်နေရန်အတွက်
စီစဉ်ပေးရသည့် ဆုအား
နတ်ဘုရားမှ ဘယ်လို
ဒဏ်ခတ်မှုမျိုးပါလိမ့်ပွဲအားအစစအရာရာစီစဉ်ပေးကာ ပြီးဆုံးသည့်အချိန်သည်
5:30 pmအကိုနှင့်ထိုမမချိန်းထားသည့်
အချိန်သည် 7:30 pm
YOU ARE READING
အချစ်ဦး
Short Story"အကို့ကို ချစ်တယ် အကိုတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လိုချစ်တယ်" "အကိုတို့နှစ်ယောက်က မဖြစ်နိုင်ဘူး ငယ်လေး..."