အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာသလို
တချို့ဆုံးဖြတ်ချက်တွေဟာလဲ
ချဖို့ အချိန်ကျရောက်လာခဲ့ပြီကံကြမ္မာကြိုးတွေ ရှုပ်ထွေးနေတဲ့
လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး
ပျော်ရွှင်မှုနှင့် အဆုံးသတ်နိုင်ပါ့မလားတဖတ်သတ်အချစ်ပုံပြင်တို့မည်သည်
ကျန်ရစ်ခဲ့ခြင်းနဲ့သာအဆုံးသတ်
ရစမြဲပေ။ကိုယ်တိုင်ရေးဆွဲခဲ့သော
အချစ်ပုံပြင်အား အဆုံးသတ်အတွက်
ရင်ပူနေရသူမှာ
ကံကြမ္မာရေးဆရာမှတပါးမရှိပေ။ကံကြမ္မာရေးဆရာတို့မည်သည်
အချစ်ဇာတ်လမ်းတစ်ခုစတင်ကာ
ဇာတ်ကောင်များနေရာ
ချပေးရသော်လည်းအဆုံးသတ်ကိုမူ
ဇာတ်ကောင်များ၏ရွေးချယ်မှုပေါ်
မူတည်၍ အမြဲပြောင်းလဲတတ်စမြဲပင်။အော် ကိုယ့်ဒုက္ခကိုယ်ရှာတဲ့
ကံကြမ္မာရေးဆရာပါလား--------------------------------------------------
အခြေအနေတွေဟာ အရင်ကထက်
ပိုဆိုးရွားသောဘက်သို့ပြောင်းလဲ
လာခဲ့သည်။ထိုသို့ပြောင်းလဲပေးခဲ့သော
အဖြစ်အပျက်ကလေးက
ပုံပြင်လေးမှာမပါမဖြစ်ပေါ့လှပလွန်းတဲ့ပန်းတွေနဲ့
အလှဆင်ထားသော ခြံလေးခြံအလယ်တွင် ပြုလုပ်ထားသော
သားနားလွန်းသည့် စင်မြင်ထိုစင်မြင်ပေါ်တွင်ချိတ်ဆွဲထားသော
စာတမ်းကား
“Happpy Birthday Su Myat Noe”ဒီနေ့ပွဲရဲ့အဓိကမင်းသမီးလေးကတော့
သူငယ်ချင်းတွေရဲ့ဝိုင်း
အလှပြင်ပေးနေမှုကို မျက်စိမှိတ်ကာ ငြိမ်ငြိမ်လေးခံယူနေသော
နတ်သမီးလေးဒီနေ့ညအတွက်
အဓိကဇာတ်ကောင်တွေဟာ
တစ်ယောက်တစ်နေရာစီမှာ
ပြင်ဆင်နေကြသည်။မွေးနေ့ရှင် ခြံထဲဆင်းလာချိန်မှာ
ကြားလိုက်ရသော လက်ခုပ်သံတွေဟာ
နား၀င်ချိုလှတယ်ပျံ့လွင့်နေတဲ့ ပီယာနိုသံငြိမ့်ငြိမ့်လေး
အဖြူရောင် ဂါ၀န်အရှည်လေး
ဖြန့်ချထားသော ဆံနွယ်လေးတွေဟာ
လေမှာ လွင့်ပြန့်လျက်
YOU ARE READING
အချစ်ဦး
Short Story"အကို့ကို ချစ်တယ် အကိုတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လိုချစ်တယ်" "အကိုတို့နှစ်ယောက်က မဖြစ်နိုင်ဘူး ငယ်လေး..."