Part-3

562 39 1
                                    

မှောင်မိုက်နေတဲ့ပတ်၀န်းကျင်တစ်ခု
ဘေးမှ ကြားနေရသော
ငိုသံများ

ထိုအချိန်တွင်
ပေါ်လာသော မြင်ကွင်းတစ်ခု
ကားတစ်စီးသည်
သစ်ပင်ကို တိုက်ကာ ပျက်စီးနေသည်

ထိုကားဘေးသို့ လျှောက်သွားချိန်တွင်
မြင်တွေ့လိုက်ရသည်က
အကို
အကိုသည်ကားထဲမှာရှိနေခဲ့သည်။

အကို့အား ကားထဲမှဆွဲထုတ်ရန်
ကြိုးစားချိန်တွင် ပတ်၀န်းကျင်တစ်ခုလုံး ပြန်မှောင်မဲလာကာ
အကိုနှင့်ကားသည်
ပျောက်သွားခဲ့သည်။

"အကို"
"အကို"

ထိုအချိန်တွင်ကြားလိုက်ရသောအသံ
"ငယ်လေး"

"အကို ဘယ်မှာလဲ အကို"
"ငယ်လေး လာအကို့ဆီကို"

အကို့အသံသာကြားနေရသော်လဲ
အကို့ကိုမမြင်ရချေ။

ထိုအချိန်တွင်
အသိစိတ်သည် ကိုယ်ခန္ဓာအား
ပြန်ကပ်ကာ
မျက်လုံးနှစ်လုံးသည် ပွင့်လာခဲ့သည်။

ပထမဆုံးမြင်ရသည်က
မျက်နှာကျက်အဖြူ
'အကို ဟုတ်တယ် အကို့ကိုရှာရမယ်'
ဆိုတဲ့စိတ်နဲ့ အားယူထမိချိန်တွင်

ပွင့်လာသော တံခါးနှင့်အတူ
၀င်လာသူသည်
အကို

ပိန်သွားလိုက်တာ
မျက်နှာလေးချောင်ကျကာ
မျက်ကွင်းတွေညိုနေသော
အကိုသည်

အရမ်းပင်ပန်းနေမှန်း
မျက်နှာတွင်ပေါ်နေသည်။

အကိုသည် ဆုအားမြင်မြင်ချင်း
မျက်ရည်များ တာကျိုးသကဲ့သို့
ကျလာကာ
ပြေးဖက်တော့သည်။

"ကျေးဇူးတင်ပါတယ် ငယ်လေးရယ်
အကိုမှားသွားတာ
ပြန်နိုးလာပေးလို့
ကျေးဇူးပါ ငယ်လေးရယ်
ကျေးဇူးတင်ပါတယ်
ပြီးတော့ တောင်းပန်ပါတယ်
ငယ်လေးရယ်"

အကိုဟာ ဆုကို ဖက်ထားရင်း
ရှိုက်ငိုကာ
ကျေးဇူးတင်စကားနှင့်
တောင်းပန်စကားကို
အထပ်ထပ်ဆိုနေခဲ့သည်။

အကို့စကားကို ဆုနားမလည်ပါ
အကို့ကို ပြန်လည်ပွေ့ဖက်ပေးရင်း

"အကို ဘာမှားလို့လဲ
ငယ်က တောင်းပန်ရမှာပါ
အကို့ကိုပြန်မပြောခဲ့သင့်ဘူး
တောင်းပန်ပါတယ်အကို
ပြီးတော့ မငိုပါနဲ့တော့ အကိုရာ
ငယ်အကို့မျက်ရည်တွေ
မကြိုက်တာသိတယ်မလား"

အချစ်ဦးWhere stories live. Discover now